.....ပျော်ရွှင်စွာ လေ့လာပါ.....

သေးပြီးကြောက်စရာကောင်းတဲ့ အန္တရာယ်အကောင်လေးတွေ

     အင်္ဂလိပ်စာမှာ သေးသေးလေးနဲ့ ကြောက်စရာကောင်းတဲ့ စကားလုံးတွေ ရှိပါတယ်။ မသိရင် မသုံး တတ်ဘူး။ မသုံးတတ်တော့  မှားတာပေါ့။ ဥပမာ အများသိကြ တဲ့ article လို့ ခေါ်တဲ့ a, an, the ဆိုတဲ့ စကားလုံးလေးသုံးလုံးပါ။ သိသလိုလို မသိလိုလို၊ သုံးတတ် သလိုလို၊ မသုံးတတ်သလိုလိုနဲ့ လိုလိုတွေများပြီး အမှားတွေနဲ့ရင်ဆိုင်ကြရသူတွေ တစ်ပုံကြီးပါ။ ဒါ့ကြောင့် မသိသေးသူတွေ သိအောင်၊ မသုံးတတ်သူတွေ သုံးတတ်အောင်၊ မှားတဲ့သူတွေ မမှားအောင် လေ့လာနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

       Article ကို နာမ်(Noun)နဲ့ နာမ်စကားစု(Noun phrase) တွေရဲ့ရှေ့မှာ ထားပြီး အသုံးပြုရပါတယ်။ ဒါ့ကြောင့် ၄င်းတို့ကို Determiner နာမ်ညွှန်းကိန်းလို့လည်း ခေါ်ကြ ပါတယ်။ တချို့ကလည်း နာမ်အထူး ပြုသည့်ပုဒ် (Noun Modifier) လို့လည်း ခေါ်ကြ ပါတယ်။ အခေါ်အဝေါ်တွေ ဘယ်လိုပဲခေါ်ခေါ် ရေးတဲ့ အခါ၊ ပြောတဲ့ အခါမှာတော့ အခေါ်အဝေါ်တွေက အသုံးမ၀င်ပါဘူး။ သို့သော်လည်း အခေါ်အဝေါ်နဲ့တကွ သိထားရင်တော့ ပိုကောင်းပါတယ်။ အများခေါ်ကြတာကတော့ Article လို့ ခေါ်ကြပါ တယ်။ အဲဒီ Article လို့ခေါ်တဲ့ a, an, the ကို နှစ်မျိုးခွဲနိုင်ပါတယ်။
 
(၁) Indefinite article (a,an) မတိကျတဲ့အာတီကယ်
 
(၂) The definite article (the) တိကျတဲ့အာတီကယ်
 

(၁) Indefinite article (a,an)

           ငယ်ငယ်ကတော့ a,e,i,o,u နဲ့စရင် an ထည့်၊ ကျန်တဲ့စကားလုံးတွေနဲ့စရင် a ထည့်ဆိုပြီး သင်ခဲ့ရပါတယ်။ အဲဒါဟာ မှားပါတယ်။ 

     စကားလုံးတစ်လုံးရဲ့အသံထွက်အပေါ်မှာ မူတည်ပြီး a နဲ့ an ကို ခွဲခြားပြီး သုံးရတာပါ။ အလွယ်တကူ ပြောမယ်ဆိုရင် စကားလုံးတစ်လုံးရဲ့အစဟာ “အ“ သံထွက်ရင် an ကိုသုံးပါ။ “အ“သံ မထွက်ဘူးဆိုရင် a ကိုသုံးပါ။ “အ“သံဆိုတဲ့နေရာမှာ ခြုံပြီးတော့ ပြောလိုက်တာပါ။ “အ“သံတွေ အများကြီးပါ။ ဥပမာ အာ၊ အား၊ အယ်၊ အု၊ အို၊ အော၊ အော်၊ အပ်၊ အစရှိသဖြင့် များစွာရှိပါတယ်။ နားလည်လွယ်အောင် ”အ“သံလို့ပဲ ခြုံပြောလိုက်တာပါ။

A + Consonant-sounded Word

  1. Noun/Noun phrase –e.g., A university/A European/ A one-off pen
  2. Abbreviations said as words – e.g., A NATO general/ A FIFA official/ A JICA office
  3. Abbreviations said as individual letters (B,C,D,G,J,K,P,Q,T,U,V,W,Y,Z) – e.g., A UFO, A BBC program/ A GTC student
 

An + Vowel-sounded Word

  1. Noun/Noun phrase –e.g., An orange / An umbrella / An ugly girl
  2. Words with silent letter “h” – e.g, An hour / An honest child / An Honor / An honorary degree
  3. Abbreviations said as words – An OPEC
  4. Abbreviations said as individual letters (A,E,F,H,I,L,M,N,O,R,S,X)– e.g., An MP / An FBI agent / An IOU
 

A နဲ့ An ကို ၀ါကျထဲမှာ ဘယ်လိုသုံးကြမလဲ

  1. First mention (ပထမဆုံးအကြိမ်ဖော်ပြချက်) I have a car. A thief went into a supermarket in Sule road.
  2. One (of many) ((အများကြီးထဲကမှ) တစ်ခု၊ တစ်ကောင်၊ တစ်ယောက်)  he is a cashier in a restaurant.
  3. Job / Profession (အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း  He is a doctor. She is an author. He is an engineer in the factory.
  4. Before singular countable noun not already mentioned (ယခင်က မဖော်ပြရသေးတဲ့ ရေတွက်ရတဲ့ နာမ်အနည်းကိန်းရဲ့ရှေ့မှာ  There is a girl in a room.
  5. To mean one or each (တစ်ခု သို့မဟုတ် တစ်ခုစီကို ဆိုလိုခြင်း) I saw a man. The cost is $ 20 a copy.
  6. Before uncountable nouns having an adjective in front of them or phrase following them ရှေ့မှာ နာမ၀ိသေသနတစ်ခု သို့မဟုတ် နောက်မှာစကားစုတစ်ခု ရှိတဲ့ ရေတွက်မရနိုင်တဲ့နာမ်တွေရဲ့ ရှေ့မှာ အသုံးပြုခြင်း (မှတ်ချက် - ယေဘူယျအားဖြင့် ရေတွက်မရတဲ့နာမ်ရှေ့မှာ a/an မသုံးပါ။ It is a good knowledge of French. That’s a sadness that wont’ go away. We had a very nice lunch.
  7. To mean any/every တစ်စုံတစ်ခု သို့မဟုတ် အရာရာတိုင်းကို ဆိုလိုခြင်း A lion is a dangerous animal. A bird flies.
  8. A member of a group အုပ်စုတစ်ခု၏အဖွဲ့အ၀င်တစ်ဦးကို ဖော်ပြခြင်း She’s a Buddhist. He is a Christian.
  9. Before two nouns seen as a single unit တစ်ခုတည်းအဖြစ်တွေ့မြင်နိုင်တဲ့ နာမ်နှစ်ခုရဲ့ရှေ့မှာသုံးခြင်း You should eat it with a knife and fork. A husband and wife are a tongue and tooth.
  10. Instead of one before some numbers အချို့ကိန်းဂဏန်းများရဲ့ရှေ့မှာ တစ် အဖြစ်သုံးခြင်း A thousand people were there. A hundred soldiers were in the camp.
  11. Prices, qualities, rates, frequency ဈေးနှုန်း၊ အရည်အသွေးများ၊ နှုန်းများ၊ အကြိမ်အရေ အတွက်ကို ဖော်ပြရာတွင် သုံးခြင်း They cost 50 P a kilo. I can type 50 words a minute. He was driving at 50 miles an hour.
  12. A person like someone တစ်စုံတစ်ယောက်နဲ့တူကြောင်း ဖော်ပြရာတွင်သုံးခြင်း She’s a little Hitler. (သူမက ဟစ်တလာ ပေါက်စလေး ကျနေတာပဲ) He is a little manager.
  13. Before somebody’s name not known မသိတဲ့လူတစ်ယောက်ရဲ့အမည်ရှေ့မှာသုံးတယ် There is a Mrs. Green to see you. မစ္စစ်ဂရင်းတစ်ယောက် မင်းကိုတွေ့ဖို့ ရှိတယ်
  14. Before a particular day ထူးခြားတဲ့နေ့တစ်နေ့ရဲ့ရှေ့မှာသုံးတယ် She died on a Tuesday. အင်္ဂါနေ့တစ်နေ့မှာ သူမ ဆုံးခဲ့တယ်။
  15. a…(noun)….of uncountable noun (ဒါကပုံစံပါ) I drank a glass of water.  I bought you a bottle of milk.
  16. a….(noun) of possessive (ဒါကပုံစံပါ - နောက်က ပိုင်ဆိုင်မှုဖော်ပြတဲ့ပုံစံ She’s is a colleague of mine. He is a friend of Bill’s. (mine နဲ့ Bill’s ကို သတိထားပါ)
  17. To describe a particular instance ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုကို ဖော်ပြခြင်း When I woke up, there was a bright blue sky. She dreamt of a future where she could spend more time painting.
 

(၂) The Definite Article (The) တိကျသောအာတီကယ်

     the ကို အသံထွက်အားဖြင့် နှစ်မျိုးထွက်နိုင်ပါတယ်။ a/an တုန်းကလိုပါပဲ။ ရှေ့ဆုံးအသံထွက်ပေါ်မှာ မူတည်ပြီး အသံထွက်ပါတယ်။ အရှင်းလင်းဆုံးပြောရရင် “အ“သံနဲ့စတဲ့နာမ်တွေရဲ့ရှေ့မှာ “ဿီ“ လို့အသံ ထွက်ပြီးတော့ “အ“သံနဲ့မစရင် “ဿာ့“ လို့ အသံ ထွက်ပါတယ်။ ဒီနေရာမှာ “သ“အသံမဟုတ်ပါ။ “ဿ“အသံပါ။
 
(၁) the + Consonant-sounded Word (the ကို thuh လို့အသံထွက်ပါတယ်)
     the book/the pretty/the urine/ the US dollar (ဥပမာ - ဿာ့ ဘွတ်ခ်)
 
(၂) the + Vowel-sounded Word (the ကို thee လို့အသံထွက်ပါတယ်)
     the engine/ the honor/ the honest man/ the earth (ဥပမာ - ဿီ အင်န်ဂျင်န်း)
အနီးစပ်ဆုံး အသံထွက်ကို ရေးပြတာပါ။ အသံထွက်ကို နားထောင်ချင်ရင်တော့ ဒီ link မှာ နားထောင်ကြည့်ပါ။
 

the ကို ၀ါကျထဲမှာ ဘယ်လိုသုံးမလဲ

  1. Second mention - ဒုတိယအကြိမ်ဖော်ခြင်း (နာမ်တစ်ခုကို ပထမအကြိမ် ဖော်ပြရင် a/an ကို သုံးပြီး အဲဒီနာမ်ကိုပဲ ဒုတိယအကြိမ်ထပ်ပြီး  ဖော်ပြရတော့မယ် ဆိုရင် the ကို သုံးပါတယ်။) I have a cat. The cat is black.
  2. Before noun already mentioned ယခင်ကဖော်ပြခဲ့ပြီးသော နာမ်ရဲ့ရှေ့မှာ သုံးခြင်းThere were three questions. The first two were relatively easy and the third one was hard.
  3. Easily understood အလွယ်တကူနားလည်နိုင်တဲ့ အကြောင်းအရာကို ဖော်ပြခြင်း Did you see the dog on the road? The nights are getting longer.
  4. Only one thing တစ်ခုတည်းရှိတဲ့အရာတွေရဲ့ ရှေ့မှာ သုံးခြင်း Look at the moon. The sun is shining.
  5. The normal or obvious one of their kind အမျိုးအစားတစ်ခုမှာ ပုံမှန်ဖြစ်တဲ့အရာ သို့မဟုတ် ထင်ရှားတဲ့အရာ ကိုဖော်ပြခြင်း The Monalisa / The Nile / The Queen /  What’s the matter?  How is the baby?
  6. Superlative adjective နာမ၀ိသေသနအဆင့် ၃ ဆင့်မှာ အမြင့်ဆုံးအဆင့်ရဲ့ရှေ့မှာ သုံခြင်း He is the youngest student in the class.
  7. Entertainment (musical instruments) ဖျော်ဖြေမှု (ဂီတပစ္စည်းများ)ရှေ့မှာသုံးခြင်း I can play the piano. Can you play the guitar?
  8. Institution ဌာနရဲ့ရှေ့မှာသုံးခြင်းThe army / The police
  9. Before names of oceans/seas/rivers/canals သမုဒ္ဒရာများ၊ပင်လယ်များ၊မြစ်များ၊တူးမြောင်း များ၏အမည်များရှေ့မှာ သုံးခြင်း The Ayeyarwaddy River/ The Atlantic Ocean/ The Mediterranean (Sea)/ The Panama Canal and the Suez Canal are made by men.
  10. Plural countries, islands, mountains အများကိန်းပါသော နိုင်ငံများ၊ကျွန်းများ၊တောင်များရှေ့မှာသုံးခြင်းThe Netherlands/ The Canary Islands/ The Philippines
  11. Republic, State, Kingdom စကားလုံးများမှာသုံးခြင်း The Republic of Ireland or The Irish Republic / The United States/ The United Kingdom
  12. the hotel, restaurants, pubs, cinemas, theatres, museum ဟိုတယ်၊ စားသောက်ဆိုင်၊ အရက်ဆိုင်၊ ရုပ်ရှင်ရုံ၊ ကဇာတ်ရုံ၊ ပြတိုက် များရဲ့ရှေ့မှာသုံးခြင်း I stayed in the Yuzana Hotel.  The National theatre/ the Science Museum
  13. Adjectives representing a class အတန်းအစားတစ်ခုကို ဖော်ပြသော နာမသေသနရှေ့မှာသုံးခြင်း The young are eager to learn everything. the young ဆိုတာ လူငယ်များ၊ the young people ဆိုတာလည်း လူငယ်များပါပဲ။ သို့သော်လည်း ဆိုလိုချက်ကတော့ နည်းနည်း ကွဲပါတယ်။ the young ဆိုရင် လူငယ်အားလုံးကို ညွှန်းဆိုတာဖြစ်ပြီး the young people ဆိုတာက ဒီလူငယ်လေးတွေဟာလို့ဆိုတဲ့အတွက် လူငယ် ၂ ယောက်ကနေပြီးတော့ အများကြီးဖြစ်နိုင်ပါတယ်။ လူငယ်အားလုံးကို ညွှန်းဆိုရာမရောက်ပါဘူး။ သတ်မှတ်ထားတဲ့လူငယ်တွေကိုပဲ ညွှန်းဆိုတာ ဖြစ်ပါတယ်။ the young ဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ လူငယ်အားလုံးကို ညွှန်းဆိုတာဖြစ်ပြီး the young people ဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့လူ ငယ်အားလုံးထဲကမှ အနည်းငယ်ကိုသာ ကွက်ပြီး ပြောခြင်းဖြစ်ပါတယ်။  There is home for the aged in the town. (the aged ဆိုတာ သက်ကြီးရွယ်အိုအားလုံးကိုညွှန်းဆိုတာပါ၊ home for the aged ဆိုတာ ဘိုးဘွားရိပ်သာ ကို ဆိုလိုတာပါ။)
  14. Nationality adjective to form all the people လူအားလုံးကို ကိုယ်စားပြုရန် အသုံးပြုတဲ့လူမျိုး၊ နိုင်ငံသား၊ လူမျိုးစု နာမ၀ိသေသနရှေ့မှာသုံးခြင်း The Dutch are a much taller race than the British.
  15. Plural of somebody’s last name (meaning family or couple)  လူတစ်ဦးရဲ့နောက်ဆုံး နာမည်အများကိန်းရဲ့ရှေ့မှာသုံးခြင်း(ဆိုလိုတာက မိသားစု သို့မဟုတ် လင်မယား) The Earnshaws went to the zoo yesterday. (Earnshaw မိသားစု သို့မဟုတ် လင်မယား) Don’t forget to invite the Jordans. (Jordan မိသားစု သို့မဟုတ် လင်မယား)
  16. Before some countable nouns to refer to classes of things, or people, type of animal, machine, etc လူ၊အရာဝတ္ထုတွေရဲ့အတန်းအစား၊ တိရိစ္ဆာန်၊စက် အမျိုးအစား စသည့် ရေတွက်လို့ရသော နာမ်အချို့ရဲ့ရှေ့မှာအသုံးပြုခြင်း In those days, people relied on the horse for transport. The bicycle is an excellent mean of transport.
  17. Which persons or things particular ယ်လိုပုဂိုလ်၊ ဘယ်လိုအရာဆိုတာကို ထူးခြားအောင် ဖော်ပြရာတွင်သုံးခြင်း Alexander the Great
  18. Before plural countable nouns in particular sense ထူးခြားတဲ့ပုံစံနဲ့ ရေတွက်ရသော အများကိန်း နာမ်များရဲ့ရှေ့တွင်သုံးခြင်း Horses are strong animals. (မြင်းအားလုံးကို ဆိုလိုတယ်)The horses in the field belong to the farmer.
  19. Which person or thing you mean / the process of specifying or identifying မိမိဆိုလိုချင်တဲ့ လူ ၊ အရာဝတ္ထုအတန်းအစား ၊ ထူးခြားအောင် ဖော်ပြခြင်း၊ ခွဲခြားပြခြင်း တို့တွင် သုံးခြင်း  It was the best day of my life. You’re the third person to ask me that. The candidates we interviewed seemed better.
  20. General rather than a particular example တစ်ခုချင်းဥပမာပေးခြင်းထက် ယေဘူယျ ဆိုလိုခြင်းတွင် သုံးခြင်း I heard it on the radio. I’m usually out during the day. They placed the African elephant on their endangered list.
  21. Familiar features of life ဘ၀မှာ ရင်နှီးပြီးဖြစ်တဲ့ အင်္ဂါရပ်များမှာသုံးခြင်းThe weather is fine. The train doesn’t run at the weekend.
  22. The first noun in a group (စကားလုံး) အုပ်စုတစ်ခုရဲ့ ရှေ့ကနာမ်ရဲ့ရှေ့မှာသုံးခြင်း The wheel of a car/The death of a child/On the fourth finger of his left hand
  23. Sufficient, adequate, enough of something in a particular purpose, especially with negative or in question သီးခြားရည်ရွယ်ချက်တစ်ခုအတွက် တစ်စုံတစ်ရာသည် လုံလောက်၊ပြည့်စုံ၊ကြွယ်ဝ နေကြောင်း ပြောချင်သည့်အခါမှာသုံးခြင်း၊ အထူးသဖြင့် အငြင်းဝါကျနှင့်မေးခွန်းဝါ ကျများတွင် သုံးသည်။ I wanted it but I didn’t have the money. He didn’t have the strength to argue. (ယေဘူယျအားဖြင့် money နဲ့ strength မှာ article မသုံးပါ။ ရေတွက်မရတဲ့နာမ်များဖြစ်ပါတယ်)
  24. (၂၄) A unit of measurement to mean everyားလုံးကိုဆိုလိုရန်အတွက် တိုင်းတာမှု ယူနစ်တစ်ခုအဖြစ် သုံးခြင်းYou get paid by the hour. My car does forty miles to the gallon.
  25. Pair conjunction အတွဲလိုက်စကားဆက် အဖြစ်သုံးခြင်းThe more you work, the more you progress. (the more…the less pattern လို့ အချို့ ခေါ်ကြပါတယ်)
  26. Stressing “the” to show the famous or important somebody or somethingကျော်ကြားသော သို့မဟုတ် အရေးကြီးသော လူ သို့မဟုတ် အရာဝတ္ထုကို ပြသရန်အတွက် the ကို ဖိရွတ်ပြီး သုံးခြင်း Oh look. Over there is the Michael Jackon.
  27. A unit of time to mean the present ယခုကာလကို ညွှန်းဆိုရန်အတွက် အချိန်အဖြစ်သုံးခြင်း The dish of the day ယနေ့(ရနိုင်သည့်)အစားစာ
  28. Nouns used in a particular sense အထူးအလေးထားဖွယ်ရာအဖြစ် အသုံးပြုသည့် နာမ်တစ်ခု ရှေ့မှာသုံးခြင်း Water is necessary to life. (ရေအားလုံးကို ဆိုလိုတာပါ) The water in the kitchen is dirty. (မီးဖိုချောင်ထဲကရေကိုသာ ပြောခြင်းဖြစ်ပါတယ်။) English is a funny language. The English she speaks is not correct. (ယေဘူယျအားဖြင့် water, English တို့ရဲ့ရှေ့မှာ article မထည့်ရပါဘူး။ ဒီနေရာမှာတော့ အထူးအလေးထားပြောချင်တဲ့အတွက်ကြောင့် the ထည့်ထားပါတယ်)
  29. We say….. ကျွန်တော်တို့ ပြောနေတာတွေ The north, the south, the west, the east, the left, the right, the top, the end, the middle of…… I have been to the north of Italy but not the south. I am in the middle of pond.
       Article တွေဖြစ်တဲ့ a,an,the အကြောင်းကို စုံစုံလင်လင်နဲ့ ရှင်းပြီးပါပြီ။ သို့သော်လည်း သုံးရမယ့် နေရာတွေ ရှိသလို မသုံးရမယ့် နေရာတွေလည်း ရှိပါတယ်။ အဲဒါကို zero article လို့ခေါ်ပါတယ်။ article မသုံးရတဲ့နေရာများပေါ့။

(၃) Zero article - အာတီကယ်မသုံးခြင်း

  1. General meaning/ general idea ယေဘူယျဆိုလိုချက်၊ ယေဘူယျအယူအဆ Life is short. Water is cold. I hate exam. I like music, especially classical music.
  2. Abstract nouns in general စိတ္တဇနာမ်များကို ယေဘူယျပြောဆိုခြင်း Love is blind. Education ends with life. Everybody needs money.
  3. Places in general နေရာများကို ယေဘူယျပြောဆိုခြင်း France is a very larger country. Peru is in South America.
  4. Streets, squares လမ်းများ၊ နှစ်လမ်း သို့မဟုတ် လမ်းအများကြီးဆုံတဲ့လေးထောင့်နေရာ တို့ကိုဖော်ပြခြင်း I live in Newton Street. I met her in Thazin Street. Where is Bogyoke Aung San road, please? Times square is in New Youk.
  5. Place(person) + airport/station/university/castle နေရာ(လူ) + လေယာဉ်ကွင်း/ဘူတာရုံ/တက္ကသိုလ်/ရဲတိုက် (ဒီပုံစံမျိုးရှေ့မှာ မသုံးပါဘူး) Yezin Agricultural University / London Zoo/ Kennedy Airport / Victoria Station / Cambridge University
  6. Games / sports ကစားနည်း/အားကစား I play tennis. I play football every evening.
  7. Languages ဘာသာစကားများ English is a funny language.
  8. Academic subjects ကျောင်းသင်ရိုးဘာသာရပ်များ I found Physics boring. I like English.
  9. Meals အစားအစာများ I have breakfast at 8 o’ clock every morning.
  10. Noun + unmber  = နာမ် + ဂဏန်း Our train leaves from Platform 5. Have you got these shoes in size 43? Room 126 in a hotel / page 29 of a book/ question 3 in an exam/ Gate 10 at an airport
  11.  A place we always go to ကျွန်တော်တို့ အမြဲသွားတဲ့နေရာ I go to school. I go to bed at 9 o’ clock every night.
  12. Days / months နေ့များ၊ လများ I was born on Tuesday.  He came on Monday. She came back on January.
  13. Movement or transport ရွေ့လျှားမှု သို့မဟုတ် သယ်ယူပို့ဆောင်ရေး I go to school on foot. He goes to work by bus.
  14. Exclamination with countable or uncountable nouns  ရေတွက်ရတဲ့နာမ် သို့မဟုတ် ရေတွက် မရသောနာမ်များနှင့်အတူ အာမေဋိတ်စကားများ What sad news!
  

 Article (a,an,the)

ကျွန်တော်ကတော့ အလွယ်တကူမှတ်လို့လွယ်အောင် Article တွေကို ၁ ၂ ၃ လို့ပဲ ပြောလေ့ ရှိပါတယ်။

a က တစ်လုံးတည်းမို့ ၁
an က နှစ်လုံးဆိုတော့ ၂
the က သုံးလုံးဆိုတော့ ၃
ဆိုပြီး ပြောလေ့ရှိတယ်။
 
မြန်မာပြည်က အင်္ဂလိပ်စာဆရာကြီးအချို့ပြောသလိုပါပဲ
 
Article ပိုင်ရင် English နိုင်ပြီ
 
တဲ့။
 
ဟုတ်မဟုတ်စဉ်းစားကြည့်တော့ ဟုတ်နေပါတယ်။ ရေးလိုက်တဲ့ဝါကျတိုင်းမှာ Article စည်းမျဉ်းနဲ့လွတ်တဲ့ ၀ါကျရယ်လို့ ခပ်ရှားရှားပါပဲ။ ၉၉ %သော ၀ါကျတွေက Article စည်းမျဉ်းနဲ့ ညိနေပါတယ်။
 
Go. သွားတော့.
Come. လာပါ။
ဒါမျိုး ကြိယာချည်းပဲ ပါတဲ့ ၀ါကျမျိုးကလွဲ၊
 
I love you.
She knows him.
ဒါမျိုး နာမ်စားချည်းပဲ ပါတဲ့ ၀ါကျများကလွဲ။
 
ဒါတောင်မှ ကျွန်တော့် ကျောင်းသားတစ်ယောက် ရေးသလိုတော့ မရေးကြပါနဲ့။
An I love a you very much.
ကိုယ်တစ်ယောက်ကတော့လေ မင်းတစ်ယောက်ကိုတော့ အရမ်းချစ်နေတယ်
 
မြန်မာစကားကလည်း ခပ်ရှုပ်ရှုပ်ပါပဲ။
 
မြန်မာကျောင်းသားတွေ အင်္ဂလိပ်လိုရေးတဲ့အခါမှာ အမှားများကြတာက မြန်မာဘာသာစကားကို လုံးစေ့ပတ်စေ့ နားမလည်တာဟာလည်း အကြောင်းတစ်ခုပါ။
 
ဘာဖြစ်လို့လဲဆိုတော့ စတင်လေ့လာသူတွေမှာ မိခင်ဘာသာစကားကနေ အင်္ဂလိပ် ဘာသာစကားကို ဘာသာပြန်ရတဲ့အဆင့် တစ်ဆင့်ခံနေပါတယ်။ ဆိုလိုချင်တာက အကြောင်းအရာတစ်ခုကို စဉ်းစားလိုက်ရင် မြန်မာလိုအရင်စပြီးတွေးတယ်။ ပြီးမှ အင်္ဂလိပ်လို ဘာသာပြန်ကြရတယ်။
 
ရှင်းအောင်ပြောရရင်
ခွေးတစ်ကောင်ကိုမြင်ရင်
မြန်မာက ခွေးလို့အရင်မြင်ပြီးမှ dog ဆိုတာကို သိတယ်။
အင်္ဂလိပ်လူမျိုးတစ်ယောက်က dog လို့ တန်းသိတယ်။
 
အကြောင်းအရာတစ်ခုကို တိုက်ရိုက် အင်္ဂလိပ်လိုတန်းပြီးရေးဖို့ဆိုတာ စတင် လေ့လာသူတွေအနေ နဲ့ မလွယ်ကူသေးပါဘူး။ လေ့ကျင့်မှုများလာမှ တိုက်ရိုက် အင်္ဂလိပ်လိုတွေး၊ အင်္ဂလိပ်လို ရေးနိုင်မှာပါ။ ဒါ့ကြောင့် စိတ်ဓါတ်မကျကြပါနဲ့။ လေ့ကျင့်ကြပါ။ ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်။
 
Article အကြောင်းကို ဆက်ရရင် -
 
Article ပိုင်ရင် English နိုင်ပြီ
 
ဆိုတဲ့စကားကို လက်ခံယုံကြည်လို့ တွေ့သမျှ အင်္ဂလိပ်စာအုပ်တွေကို မွှေနှောက်ပြီး ရှာဖွေ စုဆောင်းရုံတင်မက အင်တာနက်က website တွေပါ မွှေနှောက်ပြီး ဒီလောက်ရှိတဲ့ Article လာရော့လဟယ် ဆိုပြီး တွေ့သမျှစည်းမျဉ်းတွေကို တစ်စုတစ်တည်းဖြစ်အောင် စုစည်းထားတာပါ။ နားလည်လွယ်အောင်ပြောရရင် သူများဟာတွေချည်းပါပဲ။ ကျွန်တော်က စုစည်းရုံသက်သက်ပါ။ ဒါ့ကြောင့် ခင်ဗျားတို့လည်း ကျွန်တော်ဆီကနေ လက်ဆင့်ကမ်းပြီးတော့ အခြားသူများကို ဝေငှကြပါ။ ပညာဝေငှတယ်ဆိုတာ ဓမ္မဒေသနာကုသိုလ် လို့ခေါ်ပါတယ်။ ကုသိုလ်ရပါတယ်။
 

စာရေးသူ
စိုးမိုးဝင်း
(The Best English 4 you လို့အမည်ရတဲ့ Facebook group မှာလည်း ရေးထားပါတယ်)