.....ပျော်ရွှင်စွာ လေ့လာပါ.....

အစကောင်းမှအနှောင်းသေချာ

           လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာတွင် စတင်ဆောင်ရွက်သော စီမံမှုကောင်းမှသာ လျှင် နောက်ပိုင်းဆောင်ရွက်သည့်ကိစ္စရပ်များသည် အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်မှာဖြစ်ပြီး မိမိလိုချင်သည့် ရည်ရွယ် ချက်ပန်တိုင်းကို လှမ်းကိုင်နိုင်မည် ဖြစ်ပါသည်။
 
     ဂျပန်နိုင်ငံတွင်ကြုံတွေ့ခဲ့ရသောအတွေ့အကြုံအရ ဂျပန်လူမျိုး များသည် စီမံ Plan၊ ပြုလုပ် Do၊ သုံးသပ် See (PDS Cycle method) နည်းလမ်းကို လုပ်ငန်းတိုင်းတွင် အသုံး ပြုလေ့ရှိကြပါသည်။ အင်္ဂလိပ်စကားပုံတစ်ခုက ဖော်ပြသည်မှာ “If you fail to plan, you plan to fail.'' “သင်သည် စီမံမှုတွင်ပျက်ကွက်ခဲ့လျှင် ကျဆုံးရန်အတွက် စီမံနေခြင်း ဖြစ် သည်''ဟူ၍ ဖြစ်ပါသည်။ ဗီဒီယိုရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာ စာအုပ်တစ်အုပ်တွင်  “Every minute spent in planning saves ten in execution.” ''စီမံမှုတွင် အသုံးချခဲ့သော မိနစ်တိုင်းသည် ဆောင်ရွက်ခြင်းတွင် ၁ဝ မိနစ်ကို ခြွေတာနိုင်ပါသည်''ဟူ၍ ဖြစ်သည်။ တနည်း အားဖြင့် ''စီမံမှုတွင် ငွေတစ်ကျပ်အသုံးပြုခဲ့လျှင် ဆောင်ရွက်ခြင်းတွင် ငွေ ၁ဝ ကျပ်ကို ခြွေတာနိုင်သည်''ဟု ယူဆနိုင်ပါသည်။ ထို့ကြောင့် လုပ်ငန်းတစ်ခုကိုဆောင်ရွက်ရာ တွင် စီမံမှုအပိုင်းသည် အလွန်အရေးကြီးကြောင်း သိသာနိုင်ပါသည်။
 
      ဗီဒီယိုဇာတ်လမ်းများကို ရိုက်ကူးထုတ်လုပ်ရာတွင် အပိုင်း (၃) ပိုင်းဖြင့် စဉ်းစားစီစဉ် လေ့ရှိကြပါသည်။ ၄င်းတို့မှာ -
 
(၁)  အကြိုထုတ်လုပ်ခြင်း Pre production
(၂)  ထုတ်လုပ်ခြင်း Production
(၃)  နောက်ပိုင်းထုတ်လုပ်ခြင်း Post production စသည်တို့ ဖြစ်ပါသည်။
 
      အကြိုထုတ်လုပ်ခြင်းအပိုင်းသည် စီမံမှုအပိုင်းပင် ဖြစ်ပါသည်။ ဤအပိုင်းတွင် သေချာစွာ ဆောင်ရွက်နိုင်ပါမှ နောက်ပိုင်း ရိုက်ကူးထုတ်လုပ်သည့်အပိုင်းများတွင်လည်း အဆင် ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး ကုန်ကျစရိတ်များပါ ခြွေတာနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် မိမိထုတ်လုပ်သောဇာတ်လမ်းများသည်လည်း စီမံမှုကောင်းခဲ့လျှင် အရည်အသွေး ပြည့်ဝပြီး ပရိတ်သတ်အကြိုက်များသော ဇာတ်လမ်းများ ဖြစ်လာနိုင်ဖွယ်ရှိပါ သည်။
 
     အကြိုထုတ်လုပ်ခြင်းအပိုင်းတွင် အခန်းကဏ္ဍသုံးရပ်ဖြင့် ခွဲခြားဆောင်ရွက်လေ့ ရှိကြပါသည်။  ၄င်းတို့မှာ –
 
(က) စီမံခြင်း
(ခ)  ဇာတ်ညွှန်းရေးသားခြင်း
(ဂ)  ရုပ်နှင့်အသံကိုဖော်ပြသော စတိုရီဘုတ်ရေးသားခြင်း ဟူ၍ အပိုင်း(၃)ပိုင်းရှိကြပါသည်။
 

(က) စီမံခြင်း

 

      စီမံခြင်းအဆင့်တွင် အချက် (၃) ချက်ကို စဉ်းစားရပါမည်။ (၁) ဘာအကြောင်းအရာကို တင်ပြမှာလဲ၊ (၂)ရည်ရွယ်သော ပရိတ်သတ်များက မည်သူတွေလဲ၊ (၃)မိမိဧ။်ရည် ရွယ်ချက်ကဘာလဲ စသည်တို့ကို ပြတ်သား ထင်ရှားစွာ သိမြင်ထားရပါမည်။ ထိုအချက် များကို ထင်ရှားစွာ ကြိုတင်သိမြင်ထားခြင်းမရှိလျှင် မိမိဧ။်ဇာတ်လမ်းသည် ကောင်းမွန်သော ဇာတ်လမ်းဖြစ်မလာနိုင်ပါ။
 

(၁) ဘာအကြောင်းအရာကို တင်ပြမှာလဲ

 

           မိမိတင်ပြချင်သော အကြောင်းအရာကို သေသေချာချာ သိရှိရပါမည်။ မိမိတင် ပြချင်သော အကြောင်းအရာကို သေသေချာချာမသိလျှင် ဇာတ်လမ်းနှင့် မသက်ဆိုင်သော အကြောင်းအရာများကို ထည့်တတ်ပါ သည်။ ကိုရီးယားဒါရိုက်တာများသည် လိမ္မာ ပါးနပ်ကြပါသည်။ ဂေါက်ကွင်းအကြောင်းကိုတင်ပြလိုလျှင် ဂေါက် ကွင်းထဲမှလူများကို ဇာတ်လိုက်အဖြစ်ထားကြပါသည်။ လက်ဝှေ့အကြောင်းကိုတင်ပြလိုလျှင်လည်း မင်းသားကို လက်ဝှေ့ထိုးသူအဖြစ် ဖန်တီးလိုက်ပါသည်။ ထိုနည်းတူ လေယာဉ်ကွင်း၊ အစားအသောက်၊ ရိုးရာယဉ်ကျေးမှု၊ အဝတ်အစား စသည်ဖြင့် ၄င်းတို့တင်ပြချင်သောအကြောင်းအရာများကို ဇာတ်လမ်းနှင့်သက်ဆိုင်စေပြီး ဇာတ်လမ်းထဲသို့ပါဝင်အောင် ထည့်တတ်ကြပါသည်။
 

(၂) ရည်ရွယ်သော ပရိတ်သတ်များက မည်သူတွေလဲ

          
         ဗီဒီယိုဇာတ်လမ်းတစ်ခုကို မထုတ်လုပ်ခင် မိမိဇာတ်လမ်းကိုကြည့်ရှုကြမည့် မိမိဧ။်ပ ရိတ်သတ်များ အကြောင်းကို သေချာစွာ သိရှိထားရပါမည်။ သို့မှသာ မိမိပရိတ်သတ် နှင့်ကိုက်ညီသောဇာတ်လမ်းများကို ထုတ် လုပ်နိုင်မှာဖြစ်ပြီး မိမိထုတ်လုပ်သော ဇာတ်လမ်းများသည်လည်း ပရိတ်သတ်အလယ်တွင် အောင်မြင်ကျော်ကြား မည်ဖြစ်ပါသည်။
 
           ဗီဒီယိုဇာတ်လမ်းရိုက်ကူးထုတ်လုပ်ရာတွင် မိမိဧ။်ပရိတ်သတ်များသည် မည်သူ တွေလဲ၊ သူတို့ ဘယ်လို ဇာတ်လမ်းမျိုးကို ကြိုက်နှစ်သက်ကြသလဲ၊ ဘယ်လိုဇာတ်ကား မျိုးတွေကြည့်ချင်ကြသလဲ စသည်ဖြင့် လေ့လာသိရှိထားရပါမည်။ သို့မှသာ မိမိပရိတ် သတ်နှင့် အံဝင်ခွင်ကျဖြစ်သော ဇာတ်လမ်းကောင်းများကို ရွေးချယ် ရိုက်ကူး ထုတ်လုပ်နိုင်မှာ ဖြစ်ပါသည်။
 

(၃) မိမိဧ။်ရည်ရွယ်ချက်ကဘာလဲ

          
      ရည်ရွယ်ချက်သည် ပဲ့နှင့်တူသည်ဟု ပြောကြပါသည်။ မိမိသွားလိုရာလမ်းကြောင်းကို သွေဖယ်မသွား စေဘဲ ပန်းတိုင်ရောက်အောင် ပဲ့ထိန်းပေးပါသည်။ ထို့ကြောင့် မည့်သည့်လုပ်ငန်းမဆို ရည်ရွယ်ချက်ရှိရန် အရေးကြီးပါသည်။ ဗီဒီယိုဇာတ်လမ်းများကို ရိုက်ကူးထုတ်လုပ်ရာတွင်လည်း ရည်ရွယ်ချက်ရှိရန်အရေးကြီး ပါသည်။ ဘာ့ကြောင့် ဒီဇာတ်လမ်းကို ရိုက်ကူးရတာလဲ၊ ဒီဇာတ်လမ်းကို ပရိတ်သတ်များကြည့်ပြီး ဘာဖြစ်မလဲ၊ ဘာတွေစဉ်းစားကြမလဲ စသည့်မေးခွန်းများဧ။် အဖြေများကို ကြိုတင်စဉ်းစားထားသင့်ပါသည်။
 
         ဇာတ်လမ်းတစ်ခုလုံးဧ။် ရည်ရွယ်ချက်ကို ထားရှိရမည့်အပြင် ဇာတ်ဝင်ခန်းများ၊ ရိုက် ချက်များဧ။် ရည်ရွယ်ချက်များကိုလည်း အသေးစိတ်ချမှတ်ထားရပါမည်။ ထိုရည် ရွယ်ချက်များသည် မိမိဧ။်အဓိက ရည်ရွယ်ချက်နှင့် ကိုက်ညီရပါမည့်အပြင် မိမိဧ။်အဓိက ရည်ရွယ်ချက်ကိုရောက်အောင် ပံ့ပိုးပေးနိုင်ရပါမည်။ 
 
        အကြိုထုတ်လုပ်ခြင်း Pre production အဆင့်ဧ။်စီမံခြင်းအဆင့်သည် ဗီဒီယိုဇာတ် လမ်းတစ်ခုကောင်း မွန်ရေး၊ အရည်အသွေးပြည့်ဝရေးအတွက် အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေပါသည်။ ၄င်းသည် ဗီဒီယိုဇာတ်လမ်းများ ရိုက်ကူးထုတ်လုပ်ရာတွင် အခြေခံများဖြစ်ကြသောကြောင့် လက်တွေ့အသုံးချနိုင်လျှင် အကျိုးကျေးဇူးများရရှိကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
 
စာရေးသူ
စိုးမိုးဝင်း
Perfect Magazine တွင် ဖော်ပြပြီးဖြစ်သည်။