.....ပျော်ရွှင်စွာ လေ့လာပါ.....

အစားအစာအဖြစ် ဆန်၏အရေးပါမှု

     ကမ္ဘာ့လူဦးရေးတစ်ဝက်သည် ဆန်အပေါ်တွင် အပြည့်အ၀သော်လည်းကောင်း၊ တစ်စိတ် တစ်ပိုင်း အဖြစ်သော်လည်းကောင်း မှီခိုနေကြသည်ဟု ခန့်မှန်းကြပါသည်။ ကမ္ဘာပေါ် တွင်စိုက်ပျိုးသော စပါးသီးနှံ ၉၀%ကို အာရှတိုက်တွင်စိုက်ပျိုးပြီး အာရှတိုက်သားများသာ စားသုံးကြပါသည်။ အမေရိကန်တို့၏စားသုံး မှုသည် တိုးလာသည်ဟုဆိုသော်လည်း နှစ်စဉ် လူတစ်ဦးစားသုံးမှုမှာ ၂၅ပေါင် (၁၁ ကီလိုဂရမ်) ဖြစ်ပြီး အာရှတိုက်တွင်မူ နှစ်စဉ် လူတစ်ဦး စားသုံးမှုမှာ ၂၀၀ မှ ၄၀၀ ပေါင် (၉၀ မှ ၁၈၁ ကီလိုဂရမ်) စားသုံးကြပါသည်။


      စပါးသည် ရိတ်သိမ်းပြီးနောက် လူသားများ အဓိကအားဖြင့် တိုက်ရိုက်စားသုံးသော အရေးပါသည့် နှံစားသီးနှံတစ်မျိုးဖြစ်ပါသည်။ ဂျုံနှင့်ပြောင်းသီးနှံသာလျှင် ပမာဏများစွာ စိုက်ပျိုးကြပါသည်။ ဖိလစ်ပိုင် နိုင်ငံတွင်ရှိသော အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေ သနဌာနရှိ ဆန်စပါး စပ်မျိုးပညာရှင်များသည် တိုးတက်နေသော လူဦးရေကို အမြဲတမ်းဖြည့်ဆည်းပေးနိုင်ရန်အတွက် သိသိသာသာအထွက်နှုံးတိုးသော လယ်သမား များအံသြစေလောက်သည့် စပါးမျိုးများကို တစ်ခုပြီးတစ်ခု ထုတ်လုပ်နေပါသည်။ လေ့လာ မှုများတွင် ပိုမိုနွေးလာသော ညအပူချိန်သည် စပါးသီးနှံအထွက်ကို ဆိုးဝါးစွာထိခိုက်နိုင်သည် ဟု ဖော်ပြ နေကြပါသည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် စပါးသီးနှံပေါ်တွင်သက်ရောက်မှုကို စိုးရမ်ပူပန်နေကြပါသည်။

      ဆန်ညိုသည် ဆန်ဖြူထက် အစားအစာတန်ဖိုး ပိုမိုမြင့်မားပါသည်။ အဘယ့် ကြောင့်ဆိုသော် အပြင် အညိုရောင်အကာသည် ပရိုတင်းနှင့်မင်းနရယ်ဓါတ်များဖြစ်သော ကြောင့် ဖြစ်ပါသည်။ အတွင်းဆန်သားအဖြူသည် ကာဗိုဟိုက်ဒရိုက်ဓါတ်(ကစီဓါတ်)သာ ဖြစ်သည်။ အစားအစာအဖြစ် စားသုံးသော ဆန်သည် အဆီပါဝင်မှု နည်းပါသည်။ အခြားနှံစားသီးနှံများနှင့် နှိုင်းယှဉ်လျှင် ပရိုတင်းပါဝင်မှုသည်လည်း နည်းပါသည်။ အထူး အထွက်ကောင်းစပါးမျိုးများတွင် ရိုးရာစပါးမျိုးများထက် ပရိုတင်းပါဝင်မှုများသော ဆန်စေ့များပါဝင်သည်။ အရှေ့ပိုင်းတွင် ဆန်ကို ပဲပုပ်ဖြင့်လုပ်ထားသောဆော့စ်နှင့် အခြားအစား အစာများဖြင့်တွဲ၍ စားသုံးကြသောကြောင့် အာဟာရဓါတ်ချို့တဲ့မှုကိုမဖြစ်ပေါ်စေဘဲ ရောဂါဖြစ်မှုကိုလည်း ကာကွယ်ပေးပါ သည်။ အမေရိကန်နိုင်ငံအပါအ၀င် အခြားနေ ရာများတွင်မူ တိုးတက်လာသောနည်းပညာများကြောင့် ဆန်ကို အလွယ်တကူဝယ် ယူနိုင်သော မနက်စာနှင့်သားရေစာအဖြစ် ပြုလုပ်ရောင်းချကြပါသည်။ ထို့ကြောင့် နှံစားသီးနှံများမှ စတပ်ချက်ကို ဖယ်ထုတ်လိုက်လျှင် ကျန်ရှိသော ပရိုတင်းဖြစ်သည့် ဂလူတင်ဓါတ်ချို့တဲ့မှု ဖြစ်ပေါ်လာပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆန်သည် အခြား နှံစားသီးနှံတစ်ခုခု၏အမှုံ့နှင့်မရောလျှင် ပေါင်မုန့် မပြုလုပ်နိုင်သောကြောင့် ဖြစ်ပါသည်။
ဘာသာပြန်
စိုးမိုးဝင်း
မူရင်ဆောင်းပါး