.....ပျော်ရွှင်စွာ လေ့လာပါ.....

ဈေးကွက်သည်သာ

     မည်သည့်သီးနှံမဆို စိုက်ပျိုးတော့မည်ဆိုလျှင် အရေးတကြီး အဓိကထား၍ စဉ်းစားကြရမည်မှာ ဈေးကွက်ပင်ဖြစ်ပါသည်။ ဈေးကွက်မရှိလျှင် သီးနှံပင်မဆိုထားနှင့် မည်သည့်ရောင်းကုန်ပစ္စည်းမှ စီးပွားရေးရှုဒေါင့်မှာကြည့်လျှင် တွက်ချေကိုမည်မဟုတ်ပေ။ ထို့ကြောင့်သီးနှံတစ်မျိုးကို စီးပွားဖြစ်စိုက်ဖြစ်ဆိုလျှင် ဈေးကွက်ကို အရင်ရှာရပေမည်။ ဈေးကွက်ရှိသော သီးနှံများကို အဓိကထားပြီး စိုက်ပျိုးရပေမည်။ သို့မှသာ စီးပွားရေး တွက်ခြေကိုက်ပြီး အကျိုးအမြတ်ရရှိပေလိမ့်။

     မြန်မာနိုင်ငံသည် ၂၀ ရာစုနှစ်၏ ပထမနှစ် ၅၀ အတွင်း၌  ကမ္ဘာပေါ်တွင် စပါးတင်ပို့ခြင်းကို ဦးဆောင်ခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ ထိုအချိန်က နိုင်ငံ၏စပါးတင်ပို့သည့်ပမာဏမှာ ကမ္ဘာ့၏ လေးပုံသုံးပုံနီးပါးမျှ ဖြစ်သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ်သည် မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးထုတ်လုပ်ခြင်းကို ဆိုးရွားစွာ နှောက်ယှက်ဖျက်ဆီးသွားခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက် အစိုးရသစ်၏ ကြားဖြတ်ဝင်ရောက်လာသော ပေါ်လစီများအောက် တွင် စပါးတင်ပို့သူများသည် စပါးတင်ပို့ခြင်းလုပ်ငန်းကို လုပ်ဆောင်ရန် ယုံကြည့်မှုနည်း လာခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏အနေအထားသည် စပါးအရည်သွေးနိမ့်ခြင်း၊ ထုတ်လုပ်မှုကန့်သတ်ခြင်းနှင့် ဈေးနှုန်းမယှဉ်နိုင်ခြင်းတို့ကြောင့် တဖြည်းဖြည်းနိမ့်လာချိန်တွင် ထိုင်းနိုင်ငံသည် ကမ္ဘာ့စပါးတင်ပို့မှုကို လွှမ်းမိုးသောနိုင်ငံအဖြစ် လျှင်မြန်စွာ ပေါ်ထွက် လာခဲ့ပါသည်။
 
     ရစ်ခ်ျတာ Richter (၁၉၇၆)၏အဆိုအရ ထိုအချိန်သည် ၁၉၇၀ ခုနှစ်လောက်က ဖြစ်သည်။ ထိုင်းနိုင်ငံသည် စပါးစိုက်ပျိုးထုတ်လုပ်ခြင်းတွင် လျှင်မြန်စွာ တိုးတက်လာရခြင်းမှာ စပါးမျိုးများကို အဆင့်မြှင့်တင်ခြင်း၊ ဓါတုပစ္စည်းများကို တိုးမြှင့်သုံးစွဲခြင်းကြောင့် မဟုတ်ပဲ ရေလျှံခြင်းကို ထိန်းသိမ်းခြင်း နှင့်ရေသွင်းခြင်းနည်းပညာဖွံ့ဖြိုးတိုးတက်ရေးတို့တွင် နိုင်ငံတော်၏ များစွာသော ရင်းနှီးမြှုပ်နှံမှုတို့ကြောင့် ဖြစ်ပါသည်။
     ယနေ့ခေတ်တွင် ကမ္ဘာ့ဆန်တင်ပို့မှုအဆင့်အရ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် အဌမနေရာ၌ ရပ်တည်လျှက်ရှိပါသည်။ ၂၀၁၁ ခုနှစ်အရ၊ ကမ္ဘာ့အမြင့်ဆုံး ဆန်တင်ပို့မှု နိုင်ငံ (၁၀) နိုင်ငံမှာ
စဉ်
     နိုင်ငံ
ဆန်တင်ပို့မှု (မီလီယမ်တန်)
 ၁။
 ထိုင်းနိုင်ငံ
၁၀.၆၄
 ၂။
 ဗီယက်နမ်နိုင်ငံ
၇.၀၀
 ၃။
 အိန္ဒိယနိုင်ငံ
၎.၆၃
 ၄။
 ပါကစ္စတန်နိုင်ငံ
၃.၄၁
 ၅။
 ဘရာဇီးနိုင်ငံ
၁.၂၉
 ၆။
 ကမ္ဘောဒီးယားနိုင်ငံ
ဝ.၈၆
 ၇။
 အူဂန်ဒါနိုင်ငံ
ဝ.၈၄
 ၈။
 မြန်မာနိုင်ငံ
ဝ.၇၇
 ၉။
 အာဂျင်တီးနားနိုင်ငံ
ဝ.၇၃
 ၁၀။
 တရုတ်နိုင်ငံ
ဝ.၄၈
 
     ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဆန်တင်ပို့မှု ထိပ်ဆုံး (၁၀)နိုင်ငံထဲတွင် မပါဝင် တော့ပါ။ ၂၀၁၂ ခုနှစ်အရ၊ ကမ္ဘာ့အမြင့်ဆုံး ဆန်တင်ပို့မှု နိုင်ငံ (၁၀) နိုင်ငံမှာ
 စဉ်
     နိုင်ငံ
ဆန်တင်ပို့မှု (ထောင် မက်ထရစ်တန်)
 ၁။
 ထိုင်းနိုင်ငံ
၈၅၀၀
 ၂။
 ဗီယက်နမ်နိုင်ငံ
၆၅၀၀
 ၃။
 ပါကစ္စတန်နိုင်ငံ
၃၈၀၀
 ၄။
 အိန္ဒိယနိုင်ငံ
၂၂၀၀
 ၅။
 ကမ္ဘောဒီးယားနိုင်ငံ
၈၅၀
 ၆။
 အူဂန်ဒါနိုင်ငံ
၇၀၀
 ၇။
 တရုတ်နိုင်ငံ
၆၀၀
 ၈။
 အီဂျစ်
၆၀၀
 ၉။
 အာဂျင်တီးနားနိုင်ငံ
၅၀၀
 ၁၀။
 ဘရာဇီးနိုင်ငံ
၄၀၀
 
      ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်တင်ပို့သည့်နိုင်ငံများမှာ အရေအတွက် တိုးလျှက်ရှိပါသည်။ ဘရာဇီးနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ရုရှားနိုင်ငံတို့သည်လည်း ဆန်ကို တင်ပို့လျှက် ရှိပါသည်။ အီဂျစ်နှင့်ဘရာဇီးသည် ထိပ်တန်း (၁၀)နိုင်ငံထဲတွင် ပါဝင်လာခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဆန်ဈေးကွက်ကို တင်ပို့နိုင်ရန်အတွက် ယှဉ်ပြိုင်မှုများ တိုးပွား လာခဲ့ပါသည်။
      မြန်မာနိုင်ငံသည် ၁၉၆၀-၆၃ ခုနှစ်များတွင် ဆန်အများဆုံးတင်ပို့သော နိုင်ငံဖြစ်ခဲ့သည်။ မြန်မာနိုင်ငံအဖို့ ထိုအခြေအနေသို့ရောက်ရန် ၁၀-၁၅ နှစ်လောက် အချိန်ယူရပေလိမ့် အုံးမည်ဟု ရိုဘတ် ဇီဂလာ၊ အထွေထွေအတွင်းရေးမှူး၊ အပြည်ပြည်ဆိုင်ရာဆန်စပါး သုတေသနဌာန၊ အီရီ မှ ပြောကြားခဲ့ပါသည်။
ကျမ်းကိုး
 
 
 
 
စာရေးသူ
စိုးမိုးဝင်း