.....ပျော်ရွှင်စွာ လေ့လာပါ.....

ရိုက်ချက်အမျိုးအစားအုပ်စုနှင့်အခြေခံရိုက်ချက်များ

     ရိုက်ချက်ဆိုသည်မှာ ရုပ်ရှင်၊ ဗီဒီယိုနှင့်တယ်လီဗေးရှင်း အစီအစဉ်တစ်ခုတွင် လူတစ်ယောက်၊ လှုပ်ရှားမှုတစ်ခု သို့မဟုတ် အဖြစ်အပျက်တစ်ခုကို ဓါတ်ပုံဖြင့်ဖော်ပြသော အကြောင်းအရာဧ။် အငယ်ဆုံးအစိတ်အပိုင်း ဖြစ်ပါသည်။

 
     ရုပ်ရှင်၊ဗီဒီယိုဇာတ်လမ်းများနှင့် တယ်လီဗေးရှင်းအစီအစဉ်များကိုကြည့်၍ ကျွန်ုပ်တို့မြင်နေရသော သ ရုပ်ဆောင်များ၊ လှုပ်ရှားမှုများနှင့်အဖြစ်အပျက်များသည် တစ်ခုတည်းသောဒေါင့်၊မြင်ကွင်းသို့မဟုတ် အကွာ အဝေးမှတင်ပြနေခြင်းမဟုတ်ကြောင်း သိရှိကြပါသည်။ ထို့ကြောင့် ရိုက်ချက်တစ်ခုချင်းစီသည် လှုပ်ရှားမှု တစ်ခုကိုတင်ပြနိုင်ရန် မတူညီသောနည်းလမ်းတစ်ခုစီဖြစ်၍ အများနှင့်ဆိုင်သော ရိုက်ချက်အမျိုးအစားများ စွာရှိနေသည်မှာ ထင်ရှားပါသည်။ အဝေးရိုက်ချက် (Long Shot)၊ အလယ်အလတ်ရိုက်ချက် (Medium Shot) နှင့် အနီးကပ်ရိုက်ချက် (Close-up Shot)တို့သည်  လူအများသိကြသော ရိုက်ချက်အမျိုးအစားများ ဖြစ်ကြပါသည်။
 

အဝေးရိုက်ချက် (Long Shot)

အဝေးရိုက်ချက်ဆိုသည်မှာ ရိုက်ချက်ဘောင်ထဲတွင် လူ၊ အရာဝတ္ထုနှင့်လှုပ်ရှားမှုတို့ ပတ်လည်တွင်ရှိသော ပတ်ဝန်းကျင်အကြောင်းအရာ အချက်အလက်များကို များစွာပါဝင်စေပြီး ၄င်းတို့အချင်းချင်း ဆက်နွှယ်မှုများကို ဖော် ပြပေးပါသည်။ ထို့ကြောင့် ရိုက်ချက်ဘောင်ထဲတွင် လူနှင့်အရာဝတ္ထုများထက် ပတ်ဝန်းကျင်အကြောင်းအရာများ က ပိုမိုနေရာ ယူထားပါသည်။
ဥပမာ သင်သည် သင်နှင့်အလွန်ဝေးသောနေရာမှ လူတစ်ယောက်လမ်းလျှောက်လာနေသည်ကို မြင်သည် ဆိုကြပါစို့။ သင်မြင်တွေ့နေရသောမြင်ကွင်းသည် အဝေးရိုက်ချက်မြင်ကွင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် သင်သည် သင်နှင့်ဝေးသောနေရာမှ လူတစ်ယောက်လမ်းလျှောက်လာနေသည်ကို အဝေးရိုက်ချက်မြင်ကွင်းဖြင့် မြင်တွေ့နေရ ခြင်းဖြစ်ပါသည်။ သင်ဧ။်မြင်ကွင်းထဲတွင် လူသည်သေးငယ်နေမည်။ ပတ်ဝန်းကျင်ရှိအကြောင်းအရာအချက်အလက် များကို ပိုမိုမြင်နေရပေလိမ့်မည်။ ရိုက်ချက်ဘောင်ထဲတွင် ပတ်ဝန်းကျင်အကြောင်းအရာများ များပြားစွာပါဝင်နေ သောကြောင့် အဝေးရိုက်ချက်ကို မြင်ကွင်းကျယ် ရိုက်ချက် (Wide Shot)ဟုလည်း ခေါ်ကြပါသေးသည်။
 

အလယ်အလတ်ရိုက်ချက် (Mdeium Shot)

အလယ်အလတ်ရိုက်ချက်ဆိုသည်မှာ ကျွန်တော်တို့ပတ်လည်က ပတ်ဝန်းကျင်ကို ကျွန်တော်တို့တစ်တွေ ရုတ်တရက် ဘယ်လိုမြင်သလဲဆိုတာကို အနီးစပ်ဆုံးဖော်ပြပေးသော ရိုက်ချက်အမျိုးအစားတစ်ခု ဖြစ်ပါသည်။
         အထက်ပါ ဥပမာကိုဆက်ရလျှင် လမ်းလျှောက်လာသောသူသည် သင့်အနားသို့ ရောက်လာပြီး သင်နှင့် စ ကားစမြည်ပြောသည် ဆိုကြပါစို့။ ထိုသူသည် သင်နှင့်အထူးတလည် ကျွမ်းဝင်သောသူမဟုတ်လျှင် သင်တို့ နှစ် ယောက်အကြားတွင် ပေ အနည်းငယ် ကွာခြားနေပေလိမ့်မည်။ ထို့ကြောင့် သင်တို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် အလယ်အလတ်ရိုက်ချက်မြင်ကွင်းမှ မြင်နေကြရပါသည်။
 

 အနီးကပ်ရိုက်ချက် (Close-up Shot)

အနီးကပ်ရိုက်ချက်ဆိုသည်မှာ အရာဝတ္ထုကိုအနီးမှကပ်၍ ရိုက်သောရိုက်ချက်တစ်ခု ဖြစ်ပါသည်။ လူ၊ အရာ ဝတ္ထုနှင့်သရုပ်ဆောင်မှုတို့ကို အနီးကပ်တွေ့မြင်ရအောင် ဖန်တီးပေးပါသည်။ ကြည့်ရှုသူပရိတ်သတ်ကို ထင်ရှား သော၊ အသေးစိတ်သော အချက်အလက်များကို ပေးနိုင်ပါသည်။
အထက်ပါ ဥပမာကိုပြန်ဆက်လျှင် သင်နှင့်စကားပြောနေသောသူသည် သူဧ။်လက်ထဲတွင် စာအုပ်တစ် အုပ်ကို ကိုင်ထားသည်ဆိုပါစို့။ သင်ဧ။်မြင်ကွင်းထဲတွင် ထိုလူကိုင်ထားသောအရာသည် စာအုပ်ပဲဆိုရုံလောက်သာ သင် သိနိုင်မည်ဖြစ်ပြီး စာအုပ်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်အချို့ကိုမူ သင်သိနိုင်မည်မဟုတ်ပါ။ သင်ကိုယ်တိုင် ထိုစာအုပ်ကိုယူ၍ကြည့်လိုက်သောအခါ ထိုစာအုပ်သည် ဘာစာအုပ်ဖြစ်သည်၊ ဘာအကြောင်းရေး ထားသည်၊ ဘယ်သူရေးသည် စသည်ဖြင့် စာအုပ်ကို ပိုမိုရှင်းလင်းစွာ တွေ့မြင် ရပေလိမ့်မည်။ သင်သည် စာအုပ်ကို အနီးကပ်ရိုက်ချက်မြင်ကွင်းဖြင့် ကြည့်လိုက်သောကြောင့် ပိုမိုအသေးစိတ်သော၊ ပိုမိုတိကျသောအချက်အလက်များ ကို မြင်တွေ့ရခြင်းဖြစ်ပါ သည်။
 

 အခြေခံရိုက်ချက်များ

         အထက်ပါရိုက်ချက်အမျိုးအစား (၃) အုပ်စုကို အကျယ်ဖြန့်လိုက်လျှင် ရိုက်ချက် ပေါင်း(၉) မျိုး ဖြစ်လာပါ သည်။ ၄င်းတို့မှာ
၁။ အလွန်အမင်းဝေးသောရိုက်ချက် (Extreme Long Shot)
၂။ အလွန်ဝေးသောရိုက်ချက်(Very Long Shot)
၃။ အဝေးရိုက်ချက်(Long Shot)
၎။ အလယ်အလတ်အဝေးရိုက်ချက်(Medium Long Shot)
၅။ အလယ်အလတ်ရိုက်ချက်(Medium Shot)
၆။ အလယ်အလတ်အနီးကပ်ရိုက်ချက်(Medium Close-up Shot)
၇။ အနီးကပ်ရိုက်ချက်(Close-up Shot)
၈။ အလွန်အနီးကပ်ရိုက်ချက်(Big Close-up Shot)
၉။ အလွန်အမင်းအနီးကပ်ရိုက်ချက် (Extreme Close-up Shot)  စသည်တို့ ဖြစ်ကြပါသည်။
 
စာရေးသူ
စိုးမိုးဝင်း
Perfect Magazine တွင် ရေးသားဖော်ပြပြီးဖြစ်သည်။