.....ပျော်ရွှင်စွာ လေ့လာပါ.....

လွယ်ကူလေ့လာ ၀ါကျရေးနည်းပါ

အခြေခံကျောရိုးဝါကျ (basic skeleton sentence)


ဝါကျတစ်ကြောင်းကို စရေးတော့မယ်ဆိုရင်


Subject+Verb+Object (SVO)

ဆိုတာကို မမေ့ပါနဲ့။ အဲဒါက အခြေခံကျောရိုးဝါကျ (basic skeleton sentence) လို့ခေါ်ပါတယ်။ subject (ကတ္တား) က အနည်း(တစ်ခု၊ တစ်ကောင်၊ တစ်ယောက်၊ တစ်အုပ်စု၊ စသည်) ဖြစ်လျှင် Verb (ကြိယာ) မှာ s သို့မဟုတ် es ထည့်ပေးရပါမယ်။ ကြိယာအမျိုးအစားပေါ်မှာမူတည်ပြီး ကွဲပြားပါတယ်။ ဥပမာ -

She goes to school.

I love you.

You should leave now.

I am reading the book named “The Park Chung Hee Era”.

They have written the essay.

ဝါကျတစ်ကျောင်းရဲ့အသက် (Life of a sentence)


ဝါကျတစ်ကြောင်းရဲ့အသက်ကတော့ Verb ပါ။ Verb မပါရင် ၀ါကျ မဖြစ်ပါဘူး။ တခြား subject နဲ့ object မပါရင် ၀ါကျအဖြစ် ရေးလို့ရပါတယ်။ ဥပမာ -

Go. သွားတော့

Come. လာပါ။

ဒါတွေဟာ ၀ါကျတွေပါ။ သို့သော် subject တစ်ခုတည်းသော်လည်းကောင်း၊ object တစ်ခုတည်း သော်လည်းကောင်း ရေးရုံဖြင့် ၀ါကျလို့ မခေါ်ဆိုနိုင်ပါ။ ထို့ကြောင့် မှန်ကန်သော ၀ါကျများရေးနိုင်ဖို့အရေး verb ကို သေချာစွာ နားလည်ထားဖို့ လိုအပ်ပါတယ်။

ကြိယာ (Verb)


ကြိယာပုံစံ လေးမျိုးအဖြစ် ခွဲခြားနိုင်ပါတယ်။

Present verb = V1

Past Verb = V2

Past Participle Verb = V3

Present Participle Verb = V4

ဥပမာ -

go / went/ gone/ going

read/read/read/reading

write/wrote/written/writing

work/worked/worked/working

ဝါကျရေးတဲ့အခါမှာ V1 နဲ့ V2 က သူတစ်လုံးတည်းနဲ့အသုံးပြုလို့ ရပါတယ်။ ဥပမာ

He reads a story. (Present tense – verb မှာပါတဲ့  s က သက်သေပြပါတယ်။)

He read a story yesterday. (Past tense – verb မှာ s မပါပါဘူး။ yesterday ပါလို့လည်း သိနိုင်ပါတယ်)

V3 နဲ့ V4 ကတော့ သူတစ်လုံးတည်းနဲ့ ၀ါကျထဲမှာ ထည့်သုံးလို့ မရပါဘူး။ တခြားအကူအညီကြိယာတွေပါမှ သုံးလို့ရပါတယ်။

Verb to Have + V3 (Perfect tense လို့ခေါ်ပါတယ်)

Ms. Jasmine has worked for three hours.

Verb to Be + V3 (Passive Voice လို့ခေါ်ပါတယ်)

A dog is killed on the road.

Verb to Be + V4 (Continuous Tense လို့ခေါ်ပါတယ်။)

He is running to the river.

Subject/Object


Verb ကိုသိရင် Subject နဲ့ object နေရာတွေမှာ ဘာသုံးမလဲ။ အရှင်းလင်းဆုံးကတော့။ Noun နဲ့ Noun Phrase တွေ Pronoun တွေသုံးပါတယ်။

Mr. Jack put his coat over the back of the chair.

Mr. Jack (noun ဖြစ်တယ်။ subject ဖြစ်တယ်)

His coat (noun phrase ဖြစ်တယ်။ object ဖြစ်တယ်။ )

Over the back of the chair (adverb ဖြစ်တယ်။ နေရာပြ ကြိယာဝိသေသနပါ)

Put မှာ s မပါတဲ့အတွက် past tense နဲ့ ရေးထားတာပါ။

ဒီလောက်ဆိုရင်ကတော့ ၀ါကျတွေကို လွယ်လွယ်ကူကူရေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
စာရေးသူ
စိုးမိုးဝင်း
(The Best English 4 you လို့အမည်ရတဲ့ Facebook group မှာလည်း ရေးထားပါတယ်)