.....ပျော်ရွှင်စွာ လေ့လာပါ.....

Adjective Clause နာမ၀ိသေသန၀ါကျခွဲ

      နာမ်နဲ့ နာမ၀ိသေနရဲ့ ကွဲပြားမှုကိုတော့ ကောင်းစွာသိကြပါမှာ။ နာမ်က တစ်လုံးတည်း ရပ်တည်လို့ရပြီး နာမ၀ိသေသနက အဲဒီ နာမ်ကို အထူးပြုရတာပါ။ တစ်လုံးတည်းသုံးခဲပါတယ်။

နာမ်ဝါကျခွဲ Noun clause နဲ့ နာမ၀ိသေသန၀ါကျခွဲ Adjective clause တို့ဟာလည်း ဒီအတိုင်းပါပဲ။ အဲဒီတော့ ၂ ခု ယှဉ်ပြီး ပြောပါမယ်။

Man = noun လူကြီး

၁။ Tall man = Adjective + Noun အရပ်ရှည်သော လူကြီး

၂။ man who is tall = noun + adjective clause အရပ်ရှည်သော လူကြီး

၁ နဲ့ ၂ နဲ့ အတူတူပါပဲ။ ကွဲပြားတာက ၁ မှာ နာမ်ကို ရိုးရိုးနာမ၀ိသေသနနဲ့ပဲ အထူးပြုထားပြီးတော့ ၂ မှာက နာမ၀ိသေသန၀ါကျခွဲ(who is tall) နဲ့ ရှေ့နာမ်(man)ကို အထူးပြုထားတာပါ။ ဒါ့ကြောင့် ကွဲပြားအောင် ပြရရင် -

ရိုးရိုး Adjective က နာမ်တစ်လုံးကို ရှေ့မှနေပြီး အထူးပြုပါတယ်။

Adjective clause ကတော့ နာမ်တစ်လုံးကို နောက်ကနေပြီး အထူးပြုပါတယ်။

ဒါဆိုရင် Adjective clause ဆိုတာ ဘာလဲလို့ နားလည်လောက်ပါပြီ။ အခု အဲဒီ Adjective clause တွေ လုပ်ပုံလုပ်နည်းကို ပြောပြပါမယ်။

ပထမဆုံးအနေနဲ့ Adjective clause တွေမှာ အရေးကြီးဆုံးဖြစ်တဲ့ Relative pronoun ဆက်စပ်နာမ်စား အကြောင်းကို ရှင်းပြပါ့မယ်။

Relative pronoun ဆက်စပ်နာမ်စား


      နာမ်ကို အထူးပြုမယ့် စကားလုံးများနဲ့ ဆက်စပ်ပေးတဲ့ နာမ်ရဲ့ကိုယ်စား အသုံးပြုတဲ့ စကားလုံး ဖြစ်တယ်။ နာမ၀ိသေသန၀ါကျခွဲကို ဦးဆောင်သော စကားလုံးဖြစ်တယ်။ အနဲအများမရှိပါဘူး။ ကျားမခွဲခြားချက် မရှိပါဘူး။ အကုန်သုံးလို့ရပါတယ်။ ဥပမာ

Noun + Relative Pronoun ဦးဆောင်သော ၀ါကျခွဲ = Noun

Man + who is tall = Noun

who is tall က သူ့ရှေ့မှာရှိတဲ့ Man ကို အထူးပြုပါတယ်။ ဘာသာပြန်ရင် နောက်ကစပြန်ပါတယ်။

Man who is tall အရပ်ရှည်သူသောလူကြီး = Noun

ဝါကျရေးရင် Subject နဲ့ Object နေရာတွေမှာ သုံးလို့ရပါတယ်။

The man who is tall is my brother. အရပ်ရှည်သော လူကြီးက ကျွန်တော့် အကိုပါ။

I have seen the man who is tall. ကျွန်တော် အရပ်ရှည်သော လူကြီးကို မြင်ဖူးတယ်။

ဒါက နားလည်လွယ်အောင် ပြောပြတာပါ။ tall ကို သုံးမယ်ဆိုရင်တော့ အများအားဖြင့် the tall man လို့ပဲ ရေးကြတာပါ။

Relative Pronoun ၅ ခုရှိပါတယ်။

Who = လူတွေအတွက် သုံးပါတယ်။ အထူးသဖြင့် subject အတွက်သုံးပါတယ်။

Whom = လူတွေအတွက် သုံးပါတယ်။ အထူးသဖြင့် object အတွက် သုံးပါတယ်။

Whose = ပိုင်ဆိုင်မှုအတွက် သုံးပါတယ်။

Which = အရာဝတ္ထုများ(things)အတွက် သုံးပါတယ်။

That = အရာဝတ္ထုများ(things)အတွက် သုံးပါတယ်။ Defining clause မှာဆိုရင်ကတော့ လူအတွက်လည်း သုံးပါတယ်။

(မှတ်ချက်။ Adjective Clause ၂ မျိုးရှိပါတယ်။ Non-defining clause နဲ့ Defining clause တို့ဖြစ်ပါတယ်။ နောက်ကြုံတဲ့အခါကျရင် ရှင်းပြပါ့မယ်။)

Relative Pronoun တွေကို မှတ်မိပြီဆိုရင် Adjective Clause တွေ ဘယ်လိုဖြစ်လာသလဲဆိုတာကို ပြောပြပါ့မယ်။
 

(1) Subject+relative pronoun+verb+object = noun


A lady phoned Mg Mg last night. အမျိုးသမီးတစ်ယောက် မောင်မောင့်ဆီကို မနေ့ညက ဖုန်းဆက်ခဲ့တယ်။

ဒါက subject+verb+object+adverb. ၀ါကျပါ။ ဒီဝါကျကို Adjective clause ပုံစံပြောင်းပါမယ်။ ပုံစံက

Noun + Relative Pronoun ဦးဆောင်သော ၀ါကျခွဲ = Noun ဒါကို မမေ့ပါနဲ့။

a lady + who phoned Mg Mg last night = Noun

subject က  a lady ဖြစ်တယ်။ လူဖြစ်လို့ who သုံးမယ်။ ဘာမှ ပြင်စရာမလိုပါ။ subject နဲ့ verb ကြားထဲကို သက်ဆိုင်ရာ Relative pronoun ထည့်လိုက်ရင် အဲဒါဟာ Adjective clause က နာမ်ကို အထူးပြုတဲ့ Noun နာမ်တစ်ခုဖြစ်သွားပါတယ်။ နာမ်ဆိုရင် ၀ါကျထဲမှာ subject နဲ့ object နေရာတွေမှာ သုံးလို့ရပါတယ်။ ကဲ သုံးကြည့်ရအောင်။

a lady who phoned Mg Mg last night မောင်မောင့်ဆီကို မနေ့ညကဖုန်းဆက်ခဲ့သော အမျိုးသမီးတစ်ဦး

A lady who phoned Mg Mg last night is his teacher. (subject နေရာမှာသုံးတာပါ)

မောင်မောင့်ဆီကို မနေ့ညကဖုန်းဆက်ခဲ့သော အမျိုးသမီးတစ်ဦးသည် သူဧ။် ဆရာမ ဖြစ်သည်။

I don’t know a lady who phoned Mg Mg last night. (object အနေနဲ့သုံးထားတာပါ)

ကျွန်တော် မောင်မောင့်ဆီကို မနေ့ညကဖုန်းဆက်ခဲ့သော အမျိုးသမီးတစ်ဦးကို မသိပါ။

ဒီဝါကျတွေမှာ last night ပါတဲ့အတွက် ကြိယာကို past tense ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ Past tense က phoned မှာ ဖြစ်ပြီးသားပါ။ သူနဲ့ပဲ ဆိုင်ပါတယ်။ ကျန်တဲ့ is (ပထမ၀ါကျ) don’t know (ဒုတိယ၀ါကျ) တို့ကို past tense ပြောင်းစရာ မလိုပါဘူး။ last night ဟာ ၄င်းတို့နဲ့ မဆိုင်ပါဘူး။

သူများတွေ ရေးထားတာတွေကို လေ့လာကြည့်ပါမယ်။

The car that hit me was yellow. ကျွန်တော့်ကို တိုက်ခဲ့တဲ့ကားဟာ အ၀ါရောင်ဖြစ်ခဲ့တယ်။

The fruits which were put in the fruit bowl needs to be put in the picnic basket.

သစ်သီးပန်းကန်ထဲမှာထည့်ထားတဲ့သစ်သီးများကို ပျော်ပွဲစားထွက်မယ့်ခြင်းထဲကို ထည့်ဖို့လိုပါတယ်။

The person who lent me the car is my brother.

ကျွန်တော့်ကို ကားငှားခဲ့တဲ့လူကတော့ ကျွန်တော့်ရဲ့အကို ဖြစ်ပါတယ်။

I have many watches which were bought from Japan.

ကျွန်တော့်မှာ ဂျပန်က၀ယ်ခဲ့တဲ့ နာရီများစွာ ရှိပါတယ်။

Mg Mg is studying English which is an international language.

မောင်မောင်ဟာ နိုင်ငံတကာသုံး ဘာသာစကားတစ်ခုဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကို လေ့လာနေပါတယ်။

U Mg Mg who is very kind is my teacher.

အလွန်ကြင်နာတတ်တဲ့ ဦးမောင်မောင်ဟာ ကျွန်တော့်ဆရာ ဖြစ်ပါတယ်။

U Mg Mg and Dar Sein Hla who are very kind are my teachers.

အလွန်ကြင်နာတတ်တဲ့ ဦးမောင်မောင်နဲ့ဒေါ်စိတ်လှတို့ဟာ ကျွန်တော့်ဆရာများ ဖြစ်ကြပါတယ်။

The car which was a taxi exploded last month.

တက္ကစီတစ်စီးဖြစ်ခဲ့တဲ့ အဲဒီကားဟာ လွန်ခဲ့တဲ့လက ပေါက်ကွဲခဲ့တယ်။

The cars which were taxis exploded last month.

တက္ကစီများဖြစ်ခဲ့တဲ့ အဲဒီကားများဟာ လွန်ခဲ့တဲ့လက ပေါက်ကွဲခဲ့ကြတယ်။

 

(2) Object+relative pronoun+subject+verb = noun


ယခု Adjective clause နောက်တစ်မျိုးဖြစ်တဲ့ object ကို ရှေ့ထုတ်တဲ့နည်းကို ပြောပြပါမယ်။

Mg Mg loves Mya Mya. (Subject+verb+object. ၀ါကျ)

Mya Mya whom Mg Mg loves (object+relative pronoun+subject+verb = noun နာမ်) (subject ကနေစပြီး ဘာသာပြန်ရပါတယ်။ relative pronoun ကို “သော“လို့ ဘာသာပြန်ရတယ်)

မောင်မောင်ချစ်သော မြမြ လို့ အဓိပါယ်ရပါတယ်။ ၀ါကျထဲမှာရေးရင်

Mya Mya whom Mg Mg loves is my elder sister. (subject နေရာတွင် သုံးသည်)

မောင်မောင်ချစ်သောမြမြသည် ကျွန်တော့်အမ ဖြစ်သည်။

Do you know Mya Mya whom Mg Mg loves? (object နေရာတွင် သုံးသည်)

မောင်မောင်ချစ်သော မြမြကို မင်း သိသလား။

ဒီနေရာမှာ Relative pronoun နဲ့ ပတ်သက်လို့ ပြောစရာရှိပါတယ်။ တချို့ကလည်း မြုပ်ပြီး ရေးကြပါတယ်။ တချို့ကလည်း who ကိုပဲ သုံးကြတယ်။ ယေဘူယျအားဖြင့်တော့ လူဆိုရင် who/whom တစ်ခုခုသုံးပြီး၊ ပစ္စည်း၊သက်မဲ့၊ တိရိစ္ဆာန်ဆိုရင် that/which ကို သုံးကြပါတယ်။ ဥပမာတွေကို ဆက်လက်လေ့လာလိုက်ရင် သိလာမှာပါ။

The car which I drive is very old.

ကျွန်တော်စီးတဲ့ကားက အလွန်ဟောင်းနေပြီ။

The cat she loves scratched me yesterday.

သူမချစ်တဲ့ကြောင်က ကျွန်တော့်ကို မနေ့က ကုတ်ခြစ်ခဲ့တယ်။

The girl who I took to the movie last night is my sweetheart.

မနေ့ညက ရုပ်ရှင်ကို ကျွန်တော်ခေါ်သွားခဲ့က မိန်းကလေးက ကျွန်တော့်ရည်းစားပါ။

The man I met downtown is the thief.

မြို့လယ်မှာ ကျွန်တော်တွေ့ခဲ့တဲ့ လူက သူခိုးဖြစ်ပါတယ်။

The bicycle she borrowed belongs to my father.

သူမှ ငှားခဲ့တဲ့စက်ဘီးက ကျွန်တော့်အဖေ ပိုင်တာပါ။

This is the book which I wanted.

ဒီဟာက ကျွန်တော် လိုချင်ခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။

This is the girl whom you saw at the party.

သူကတော့ ခင်ဗျား ပါတီပွဲမှာ တွေ့ခဲ့တဲ့ မိန်းကလေးဖြစ်ပါတယ်။

I like the students you are teaching English.

ကျွန်တော် ခင်ဗျား အင်္ဂလိပ်စာသင်ပေးနေသော ကျောင်းသားများကို နှစ်သက်ပါတယ်။

Mg Mg is the person whom I admire.

မောင်မောင်ကတော့ ကျွန်တော် လေးစား၊အားကျရတဲ့ သူပါ။

I don’t like the book that you bought for me from the market.

ကျွန်တော် ခင်ဗျား ဈေးကနေပြီး ကျွန်တော့်အတွက် ၀ယ်လာခဲ့တဲ့စာအုပ်ကို မကြိုက်ပါဘူး။

 

(3) Propositional Phrase နဲ့ပတ်သက်သော Adjective clause ပြုလုပ်နည်း


အကယ်လို့ ၀ါကျထဲမှာ တခါတရံ propositional phrase တွေ ပါတတ်ပါတယ်။ ဥပမာ ၀ါကျများ-

(၁) Mg Mg goes to school.

(၂) Mya Mya lives in Yangon.

(၃) The teacher gave the text book to the students.

(၄) My mother bought a watch for my elder brother.

(၅) Ma Hla May went to Yangon with U Tin Myint.

Propositional phrase = proposition + Noun

to school, in Yangon, to the students, for my elder brother, with U Tin Myint စသည်ဖြင့်ပေါ့။ အဲဒီဟာမျိုးတွေ ပါလာလို့ Adjective clause ပုံစံပြောင်းချင်ရင်  ၂ နည်းရှိပါတယ်။

(၁) နာမ်ကိုရှေ့ထုတ်ပြီး proposition+ relative pronoun ထည်ခြင်းပါ။

(၂) နာမ်ကိုရှေ့ထုတ်ပြီး proposition မပါဘဲ relative pronoun ထည်ခြင်းပါ။

 

(၁) proposition+relative pronoun ထည့်ခြင်း


(၁) Mg Mg goes to school. မောင်မောင် ကျောင်းသို့ သွားသည်

School to which Mg Mg goes မောင်မောင်သွားတဲ့ကျောင်း

(၂) Mya Mya lives in Yangon. မြမြသည် ရန်ကုန်တွင် နေသည်။

Yangon in which Mya Mya lives မြမြနေသည့် ရန်ကုန်မြို့

(၃) The teacher gave the text book to the students. ဆရာသည် ကျောင်းသားများအား ပုံနှိပ်စာအုပ်ကို ပေးခဲ့သည်။

The students to whom the teacher gave the text book

ဆရာက ပုံနှိပ်စာအုပ်ပေးခဲ့သော ကျောင်းသားများ

(၄) My mother bought a watch for my elder brother. အမေက အကို့အတွက် နာရီတစ်လုံးဝယ်ခဲ့သည်

My elder brother for whom my mother bought a watch

အမေက နာရီတစ်လုံးဝယ်ပေးခဲ့သော အကို

(၅) Ma Hla May went to Yangon with U Tin Myint. မလှမေသည် ဦးတင်မြင့်နှင့်အတူ ရန်ကုန်သို့ သွားခဲ့သည်။

U Tin Myint with whom Ma Hla May went to Yangon

မလှမေနှင့် ရန်ကုန်သို့ အတူတူသွားခဲ့သော ဦးတင်မြင့်

 

(၂) Proposition မပါပဲ Relative Pronoun သာ ထည့်ခြင်း


ဘာသာပြန် အဓိပါယ်က အတူတူပါပဲ။

(၁) Mg Mg goes to school.

School which Mg Mg goes to

(၂) Mya Mya lives in Yangon.

Yangon which Mya Mya lives in

(၃) The teacher gave the text book to the students.

The students who the teacher gave the text book to

 (၄) My mother bought a watch for my elder brother.

My elder brother who my mother bought a watch for

 (၅) Ma Hla May went to Yangon with U Tin Myint.

U Tin Myint who Ma Hla May went to Yangon with

သေချာဂရုစိုက်မိမှာပါ။ Proposition တွေဟာ Relative pronoun နားမှာ ပူးကပ်မနေသော်လည်း နောက်ဆုံးမှာ ကျန်ခဲ့ပါတယ်။ မူလ ၀ါကျထဲကနေ လုံးဝပျောက်သွားတာ မဟုတ်ပါဘူး။

Adjective clasue တွေပါတဲ့ ၀ါကျများကို လေ့လာကြည့်ပါ။

(၁) The School to which Mg Mg goes is the private school.

The school which Mg Mg goes to is the private school.

မောင်မောင်တက်တဲ့ကျောင်းက ပုဂ္ဂလိကကျောင်းဖြစ်ပါတယ်။

(၂) I have never been to Yangon in which Mya Mya lives.

I have never been to Yangon which Mya Mya lives in.

ကျွန်တော် မြမြနေတဲ့ရန်ကုန်ကို တစ်ခါမှ မရောက်ဘူးပါ။

(၃) The students to whom the teacher gave the text book lost it in the festival.

The students who the teacher gave the text book to lost it in the festival.

ဆရာက ပုံနှိပ်စာအုပ်ပေးလိုက်တဲ့ကျောင်းသားတွေဟာ ပွဲတော်မှာ အဲဒါကို ပျောက်ခဲ့ကြတယ်။

(၄) I envy my elder brother for whom my mother bought a watch.

I envy my elder brother who my mother bought a watch for.

ကျွန်တော် အမေက နာရီတစ်လုံးဝယ်ပေးသော အကို့ကို မနာလိုဖြစ်မိတယ်။

(၅) U Tin Myint with whom Ma Hla May went to Yangon is my uncle.

U Tin Myint who Ma Hla May went to Yangon with is my uncle.

မလှမေနဲ့အတူ ရန်ကုန်သို့သွားခဲ့သော ဦးတင်မြင့်သည် ကျွန်တော်၏ဦးလေးဖြစ်ပါသည်။

နားလည်မယ်လို့မျှော်လင့်ပါတယ်။ အခု ဒီအသုံးတွေနဲ့ ပတ်သက်လို့ Formal နဲ့ Informal အကြောင်းကို နည်းနည်းရှင်းပြပါမယ်။

Formal - နည်းလမ်းတကျရေးခြင်း၊ စာကြီးပေးကြီးရေးခြင်း၊ တခမ်းတနားရေးခြင်း(ဥပမာ - ရုံးစာ)

U Tin Myint with whom Ma Hla May went to Yangon is my uncle.

Informal - လူအသုံးများသော ရေးနည်း၊ သာမန်စာမျိုးရေးနည်း၊ စကားပြောများတွင်သုံးခြင်း

U Tin Myint who Ma Hla went to Yangon with is my uncle.

U Tin Myint that Ma Hla went to Yangon with is my uncle.

U Tin Myint Ma Hla went to Yangon with is my uncle.

Formal

The School to which Mg Mg goes is the private school.

Informal

The school which Mg Mg goes to is the private school.

The school that Mg Mg goes to is the private school.

The school Mg Mg goes to is the private school.

(4) whose နဲ့ adjective clause ပြုလုပ်နည်း

ဒီတစ်ခါပြောရမှာက whose နဲ့ပတ်သက်တဲ့အကြောင်းပါ။ whose က ပိုင်ဆိုင်မှုကိုပြောတာပါ။ အဲဒီတော့ ပိုင်ဆိုင်မှုပါတဲ့ နာမ်တွေကို adjective clause ပုံစံပြောင်းချင်ရင် ဒီနည်းကို သုံးကြပါတယ်။ ပိုင်ဆိုင်မှုဆိုတာ ဘာလဲ။ အင်္ဂလိပ်မှာတော့ နှစ်မျိုးရှိပါတယ်။ apostrophe s (‘s) သို့မဟုတ် apostrophe (‘) ဒါကတစ်မျိုး။ နောက်တစ်ခုက of နဲ့ရေးတာပါ။ နှစ်ခုကတော့ ပြောင်းပြန်ပါ။ ဥပမာ

Mg Mg’s bag = မောင်မောင်၏လွယ်အိတ်

the students’ bags = ကျောင်းသားများ၏လွယ်အိတ်များ

ပိုင်ဆိုင်တဲ့သူက ရှေ့ကနေပါတယ်။ of မှာတော့ အဲဒီလိုမဟုတ်ပါ။

the tail of the dog = ခွေး၏အမြီး

hairs of the cat =ကြောင်၏အမွှေးများ

ပိုင်ဆိုင်တဲ့သူက နောက်ကနေပါမယ်။

ဒီလိုမျိုး ပိုင်ဆိုင်မှုတွေပါလာတဲ့ နာမ်တွေကို adjective clause ဘယ်လိုလုပ်မလဲ။ ကြည့်ကြရအောင်နော်။

 

(၁) apostrophe s (‘s) သို့မဟုတ် apostrophe (‘)


The student’s phone rang. ကျောင်းသားရဲ့ဖုန်း မြည်ခဲ့တယ်။

Students’ parents are wealthy. ကျောင်းသားများရဲ့မိဘများ ချမ်းသာကြတယ်။

ဒီနှစ်ခုက ၀ါကျတွေဖြစ်ပါတယ်။ အဲဒါကို adjective clause လုပ်ပါမယ်။ ပိုင်ဆိုင်မှုနေရာတွေကို whose ပြောင်းလိုက်ပါ။

the student whose phone rang = noun (သူ့ဖုန်းမြည်တဲ့ ကျောင်းသား)

the students whose parents are wealthy = noun (သူတို့ မိဘတွေ ချမ်းသာတဲ့ ကျောင်းသားများ)

နာမ်ဆိုတဲ့အတွက် ၀ါကျထဲမှာ ထည့်ပြီးသုံးကြည့်ရင်

The student whose phone rang should stand up. သူ့ဖုန်းမြည်တဲ့ အဲဒီကျောင်းသား မတ်တပ်ရပ်သင့်တယ်။ (စာသင်ခန်းထဲမှာ ဖုန်းမြည်ရင် မတ်တပ်ရပ်ရတယ်)

Do you know the student whose phone rang? သူ့ဖုန်းမြည်တဲ့ အဲဒီကျောင်းသား မင်းသိသလား။

The students whose parents are wealthy pay extra.  မိဘချမ်းသားတဲ့ ကျောင်းသာတွေက ပိုပေးကြတယ်။

We should favor to the students whose parents are wealthy. ကျွန်တော်တို့ မိဘချမ်းသာတဲ့ ကျောင်းသားတွေကို ဦးစားပေးသင့်တယ်။

Whose နဲ့ပြောင်းရာမှာ အနည်းအများမရှိပါဘူး။

 

(၂) နောက်တစ်ခုက of ကိုပြောင်းကြည့်ပါ့မယ်။


The driver of the car was masked. အဲဒီကားရဲ့ ကားမောင်းသမားဟာ မျက်နှာဖုံးစွပ်ထားတယ်။

ပိုင်ဆိုင်တဲ့ဟာက ကားဖြစ်တယ်။ of နောက်ကဟာ။ ကားကိုပဲ ပြောရမှာပါ။ အဲဒီတော့

the car whose driver was masked = noun (ကားသမားမျက်နှဖုံးစွပ်ထားတဲ့ အဲဒီကား)

the car of which the driver was masker = Noun (ဒီလိုလဲသုံးလို့ရပါတယ်။ လူဆိုရင်တော့ မရပါဘူး။ ဒီနေရာမှာ driver ရှေ့က the ပါပါတယ်။ whose ရဲ့နောက်မှာ မပါပါဘူး။ car နဲ့ driver ကို ရှေ့နောက်ပြောင်းလိုက်တာကို သတိထားပါ။)

ဝါကျထဲမှာ ရေးကြည့်ရအောင်။

The police are looking for the car whose driver was masked.

The police are looking for the car of which the driver was masked.

ရဲတွေက ကားသမားမျက်နှာဖုံးစွပ်ထားတဲ့ အဲဒီကားကို လိုက်ရှာနေကြတယ်။

The car whose driver jumped out just before the accident was completely destroyed.

ထိခိုက်မှုမဖြစ်ခင်ကလေးမှာ ကားသမားခုန်ထွက်သွားတဲ့ ကားဟာ လုံးဝကို ပျက်ဆီးသွားတယ်။

ဥပမာများ

I know Mg Mg whose sister is a nurse.

The man whose car I borrowed is very rich.

I chose the set whose price was reduced.

The archer whose arrows hit the bull’s eye most will be chosen.

The students whose mark is high in English can select the major subject.

ဒါဆိုရင် နားလည်လောက်မယ်လို့ ထင်ပါတယ်။

စေတနာဖြင့်

စိုးမိုးဝင်း