.....ပျော်ရွှင်စွာ လေ့လာပါ.....

KOREAN SPIRIT - Reading Practice

     စာဖတ်ခြင်းနဲ့ပတ်သက်လို့ ဟိုတခါ ပြောဖူးထားတာတစ်ခုရှိပါတယ်။ ကလေးဖတ်နဲ့လူကြီးဖတ် ဆိုပြီးတော့ပေါ့။ အခုလည်း ကောင်းတဲ့စာလေးတစ်ပိုဒ်ကိုတွေ့လို့ လူကြီးဖတ်နည်းအတိုင်း ဖတ်ပြလိုက်ပါတယ်။
100 Korean Heroes and Heroines စာအုပ်မှ Introduction ရဲ့ ပထမစာပိုဒ်ဖြစ်ပါတယ်။

Gyeore means nation, while ol means spirit in Korean, and these two words are combined to make Gyeore Eol, which means Korea’s spirit. Some may say that talking about Gyeore Eol today is out of date, considering that we are living in a modern scientific and technological era; however, those who say so seem perfectly unaware how the world is progressing. Those are people who think that world peace and prosperity will be maintained without the development of individual countries and nations.

တစ်ပိုဒ်လုံးကို ဖတ်လိုက်ပြီတော့ ဘာကိုနားလည်သွားသလဲ။ နားလည်တာလဲ ရှိချင်ရှိမယ်။ နားမလည်တာလဲ ရှိချင်ရှိမယ်။ ရေးတေးတေးလဲ ရှိချင်ရှိမယ်ပေါ့။ ကိုယ့်ကိုကိုယ် အားမရရင်တော့ ထပ်ပြီး ဖတ်လို့ရတယ်။ အောက်မှာ ရှင်းပြတာတွေကို ဖတ်ရင်တော့ လုံးစေ့ပတ်စေ့ နားလည်သွားပါလိမ့်မယ်။

ကျွန်တော့်အနေနဲ့ပြောမယ်ဆိုရင်ကတော့ မသိတဲ့စကားလုံးမရှိပါဘူး။ ၀ါကျတည်ဆောက်ပုံနဲ့ စာပိုဒ်တစ်ပိုဒ်ဖြစ်အောင် ၀ါကျတစ်ကြောင်းနဲ့တစ်ကြောင်း ချိတ်ဆက်ယူသွားတာလေးတွေက လှနေလို့ပါ။ သုံးထားတဲ့ သဒ္ဒါစည်းမျဉ်းတွေကလည်း လွယ်ပြီး၊ ရိုးနေလို့ပါ။ ဆိုလိုတာက ဆန်းပြားတဲ့ idiom အီဒီယမ် မပါ၊ phrase စကားစုအတွဲမျိုးတွေလည်း မပါပါဘူး။ ဒါ့ကြောင့် စာဖတ်သူတို့ ဗဟုသုတတိုးပွားစေပြီး ကိုယ့်အလှည့်ကျရင် ဘယ်လိုရေးမလဲဆိုတဲ့အတွေးမျိုးရလိုရငြား တင်ပြလိုက်ပါတယ်။ကဲ ၀ါကျ ဘယ်နှစ်ကြောင်းရှိလဲ ကြည့်ရအောင်။

(၁) Gyeore means nation, while ol means spirit in Korean, and these two words are combined to make Gyeore Eol, which means Korea’s spirit.

(၂) Some may say that talking about Gyeore Eol today is out of date, considering that we are living in a modern scientific and technological era; however, those who say so seem perfectly unaware how the world is progressing.

(၃) Those are people who think that world peace and prosperity will be maintained without the development of individual countries and nations.

ဝါကျ ၃ ကြောင်းပဲ ရှိပါတယ်။ အစဉ်လိုက် လေ့လာကြည့်ရအောင်။

(၁) Gyeore means nation, while ol means spirit in Korean, and these two words are combined to make Gyeore Eol, which means Korea’s spirit.

ဒါကို Mixed sentence ရောသမမွှေဝါကျ လို့ခေါ်တယ်။ ၀ါကျအမျိုးအစားတွေကို ရောမွှေထား လို့ပဲ။ ပုံမှန်အားဖြင့် ၀ါကျ ၄ မျိုးရှိတယ်။ Simple, compound, complex and mixed sentence တို့ပဲ ဖြစ်တယ်။ ဒီဝါကျကို ထပ်ပြီး ခွဲကြည့်ရအောင်ပါ။

(၁-၁) Gyeore means nation, while ol means spirit in Korean,(complex sentence ၀ါကျရော)

and (coordinate conjunction ဂုဏ်ရည်တူဖြစ်စကားဆက်)

(၁-၂) these two words are combined to make Gyeore Eol, which means Korea’s spirit. (complex sentence ၀ါကျရော)

၁-၁ ၀ါကျရော


Gyeore means nation, (simple sentence ၀ါကျရိုး)

while (sub ordinate conjunction လက်အောက်ခံစကားဆက်)

ol means spirit in Korean (simple sentence ၀ါကျရိုး)

ဒီနေရာမှာ in Korean ဆိုတာက ပထမ၀ါကျကိုလည်း အကျုံးဝင်ပါတယ်။ ဆိုလိုတာက

Gyeore means nations in Korean, while ol means spirit in Korean. ဒီလိုပါ။ သို့သော်လည်း နှစ်ခါထပ်မရေးတဲ့အတွက် in Korean ကို နောက်ဆုံးမှာမှ တစ်ခါပဲ ရေးပါတယ်။ ဆိုလိုတဲ့အဓိပါယ်ကတော့

Gyeore means nation, while ol means spirit in Korean,

ကိုရီးယားဘာသာစကားမှာတော့ Gyeore ဆိုတာ လူမျိုးဟု ဆိုလိုပြီး ol ဆိုတာက စိတ် လို့ အဓိပါယ်ရပါတယ်။

While ဆိုတာ ဒီနေရာမှာ တချိန်တည်းမှာပဲ လို့ ဆိုလိုတာပါ။ နောက်တစ်မျိုးကတော့ သော်လည်း၊ စဉ်တွင်၊ တုန်း လို့လည်း အဓိပါယ်ထွက်ပါတယ်။

 Korean, မှာ ကော်မာလေးထည့်ထားတာကို သတိထားပါ။ နောက်ဝါကျတွေနဲ့မဆိုင်တော့ဘူး သီးခြားရပ်တည်တော့မယ်လို့လည်း ဆိုလိုပါတယ်။ နောက်တစ်ခုက coordinate conjunction (and) က ရှေ့ဝါကျနဲ့ နောက်ဝါကျဟာ တစ်ခုနဲ့တစ်ခု မှီခိုမှုမရှိဘဲ သီခြားစီရပ်တည်လို့ ရတယ်ဆိုတာကိုလည်း ဖော်ပြပေးပါတယ်။

၁-၂ ၀ါကျရော


these two words are combined to make Gyeore Eol, which means Korea’s spirit.

ဒီနေရာမှာ which ရှေ့က ကော်မာပါတယ်။ ဒါကြောင့် adjective clause အနေနဲ့အထူးပြုတာမျိုး မဟုတ်ဘဲ non-defining clause လို့ခေါ်ပါတယ်။ ပိုပြီးလေးနက်စေပါတယ်။ သတင်းအချက်အလက်များကို ပိုပြီးဖြည့်ပေးပါတယ်။ အဲဒီဟာ မပါရင်လဲ အဓိပါယ်က ပြည့်စုံနေပါတယ်။

ဘာသာပြန်ကြည့်ရင်

ဤစကားလုံးနှစ်လုံးက Gyeore Eol အဖြစ် ပေါင်းစပ်လိုက်ပါတယ်။ ထိုစကားလုံးက (which = Gyeore Eol)က ကိုရီးယားနိုင်ငံ၏စိတ်ဓါတ် လို့ အဓိပါယ်ရပါတယ်။

(passtive voice (are combined) ကို သုံးထားပါတယ်။ သူတို့ကိုယ်တိုင် မပေါင်းနိုင်ပါဘူး။)
 

ဒီနေရာမှာ defining clause နဲ့ non-defining clause အကြောင်းနည်းနည်းရှင်းပြပါ့မယ်။ ဥပမာ

Defining clause (အထူးပြုခြင်း)


My sister who lives in Yangon is coming to stay with me next week.

ရန်ကုန်မှာနေသော ကျွန်တော့်ညီမလေ နောက်အပတ်ကျရင် ကျွန်တော်နဲ့အတူ လာနေမှာ။

(ဒါက ညီမ အများကြီးရှိတယ်။ ပြည်မှာတစ်ယောက်၊ ပဲခူးမှာတစ်ယောက် ဆိုပါစို့။ ညီမအများကြီးထဲကမှ ရန်ကုန်မှာနေသော ညီမကို ညွှန်းဆိုတာဖြစ်တယ်။ who lives in Yangon ကိုဖြုတ်လိုက်ရင် အဓိပါယ် ပျက်သွားမယ်။ ညီမတွေထဲက ဘယ်ညီမကို ဆိုလိုတာမှန်း မသိဘူးဖြစ်သွားမယ်။)

 Non-defining clause (သတင်းအချက်အလက်ဖြည့်ပေးခြင်း)


My sister, who lives in Yangon, is coming to stay with me next week.

ကျွန်တော့်ညီမ ရန်ကုန်မှာနေတယ်လေ နောက်အပတ်ကျရင် ကျွန်တော်နဲ့အတူ လာနေမှာ။

(ဒါက ညီမတစ်ယောက်တည်းရှိတာကို ပြောတာပါ။ who lives in Yangon ကိုဖြုတ်လိုက်လဲ အဓိပါယ် ပျက်မသွားပါဘူး။)

ဒါ့ကြောင့် ကော်မာတစ်ခုဟာ ထည့်ချင်တိုင်း ထည့်လို့မရပါဘူး။ ကိုယ်ပြောချင်တဲ့ဆိုလိုရင်းကိုရောက် အောင် အသုံးတည့်မှ ထည့်ရပါတယ်။

 
ဒုတိယတစ်ကြောင်းပါ
          (၂) Some may say that talking about Gyeore Eol today is out of date, considering that we are living in a modern scientific and technological era; however, those who say so seem perfectly unaware how the world is progressing.

ဝါကျ နှစ်ကြောင်းပါပါတယ်။

(၂-၁) Some may say that talking about Gyeore Eol today is out of date, considering that we are living in a modern scientific and technological era; (mixed sentence

however, (coordinate conjunction)

(၂-၂)those who say so seem perfectly unaware how the world is progressing. (mixed sentence)

(၂-၁) ရောသမမွှေဝါကျ


Some may say (ဒါကို နားလည်မှာပါ။ some = some people ပါ)

that (subordinate conjunction)

talking about Gyeore Eol today is out of date, considering that we are living in a modern scientific and technological era; (mixed sentence)

talking about Gyeore Eol today = subject (ယနေ့ခေတ်မှာ Gyeore Eol နဲ့ပတ်သက်လို့ ပြောဆိုခြင်း)

is = verb

out of date = adjective

considering……….era; = present participle လို့ ခေါ်ပါတယ်။

verb-ing  သည် နာမ်အဖြစ်သုံးလို့ရပါသည်။ ဥပမာ -

Eating a banana every day is healthy. နေ့စဉ်ငှက်ပျော်သီးတစ်လုံးစားခြင်းဟာ ကျန်းမာရေးနဲ့ ညီညွှတ်တယ်။

I like riding a bicycle. စက်ဘီးစီးရတာကို ကျွန်တော်နှစ်သက်တယ်။

Verb-ing သည် ……..လျှက်၊ ဖြစ်လို့ ဟူသော အဓိပါယ်အဖြစ် present participle အဖြစ်ဝါကျများတွင် သုံးလို့ရပါတယ်။

I am having breakfast, listening to the radio. ကျွန်တော် ရေဒီယိုကို နားထောင်ရင်း မနက်စာ စားနေတယ်။

Being a high school student, I have to learn six subjects. အထက်တန်းကျောင်းသား တစ်ယောက်ဖြစ်လို့ ကျွန်တော် ဘာသာရပ် ၆ ခုကို လေ့လာရပါတယ်။

မူရင်းဝါကျကို ပြန်သွားပါမယ်။

talking about Gyeore Eol today is out of date, considering that we are living in a modern scientific and technological era; (mixed sentence)

considering နောက်က that နဲ့ ၀ါကျတစ်ကြောင်းပြန်စထားတာကို သတိပြုပါ။ ဘာသာပြန်ရင်

ယနေ့ခေတ်မှာ Gyeore Eol နဲ့ပတ်သက်လို့ ပြောဆိုနေခြင်းဟာ ကျွန်တော်တို့တွေဟာ ခေတ်မီသော သိပံနှင့်နည်းပညာခေတ်ကြီးထဲတွင် နေထိုင်နေကြတာကို တွေးမိလို့ ခေတ်နောက်ကျနေပါတယ်။

ကျွန်တော်တို့တွေဟာ ခေတ်မီသော သိပံနှင့်နည်းပညာခေတ်ကြီးထဲတွင် နေထိုင်နေကြတာကိုတွေးမိလို့ ယနေ့ခေတ်မှာ Gyeore Eol နဲ့ပတ်သက်လို့ ပြောဆိုနေခြင်းဟာ ခေတ်နောက်ကျနေပါတယ်။

အဲဒီလိုပါ။ ၀ါကျတွေဟာ ဆင့်ကဲဆင့်ကဲ ချဲ့ချဲ့သွားတာပါ။ တစ်ခုချင်းကို ခွဲခြမ်းနိုင်ရင် နားလည်လွယ်ပါတယ်။ ကိုယ်ရေးတဲ့အခါလည်း တစ်ခုချင်းကနေ ၀ါကျတွေကို ဆက်ဆက်ရေးသွားရတာပါ။ စရေးကာရှိသေးတယ် ၀ါကျသုံးလေးမျိုးကို တစ်ပေါင်းတစ်စည်းတည်းရေးမယ်ဆိုရင် ကျွမ်းကျင်သူ တွေအတွက် မမှားနိုင်သော်လည်း မကျွမ်းကျင်သောသူများအတွက်ကတော့ မှားဖို့ရာခိုင်နှုန်း အများကြီးရှိပါတယ်။ ဒါ့ကြောင့် သူများရေးထားတဲ့ ၀ါကျတွေကိုလည်း လေ့လာပါလို့ တိုက်တွန်းပါတယ်။

နောက်ဝါကျပါ

စကားဆက်က however; ကို သုံးထားပါတယ်။ သို့သော်လည်း လို့ ဆိုလိုပါတယ်။ ရှေ့ကဟာကို ဆန့်ကျင်လိုက်တာပါ။

(၂-၂)those who say so seem perfectly unaware how the world is progressing. (mixed sentence)

those who say so = subject

seem perfectly unaware (linking verb = adjective ပုံစံပါ။ perfectly=adverb)

how the world is progressing. (Noun clause ပါ)

so နဲ့ပတ်သက်လို့ ရှင်းပြချင်ပါတယ်။


A: You are beautiful.

B: You may say so. (You may say “You are beautiful”)

So က အပေါ်က ၀ါကျကို ပြန်ညွှန်းတာပါ။ pronoun ဖြစ်ပါတယ်။

ဒီဝါကျမှာလဲ those who say so အဲဒီလိုပြောသော လူများ။ အဲဒီလို ဆိုတာ အထက်က ပြောခဲ့တဲ့ဟာကို ညွှန်းတာပါ။ those ဆိုတာ လူများကိုပြောတာပါ။

Seem perfectly unaware လုံးဝကို သတိမထားမိပုံပေါ်ပါတယ်။

how the world is progressing ကမ္ဘာကြီးတိုးတက်နေတဲ့ပုံစံ (ကမ္ဘာကြီးဘယ်လိုတိုးတက်နေတယ်ဆိုတာ)


ပေါင်းပြီးဘာသာပြန်ရင်

အဲဒီလိုပြောကြတဲ့လူတွေဟာ ကမ္ဘာကြီးဘယ်လိုတိုးတက်နေတယ်ဆိုတာကို လုံးဝ သတိမထားမိပုံပေါ်ပါ တယ်။
 

နောက်ဆုံးဝါကျပါ


(၃) Those are people who think that world peace and prosperity will be maintained without the development of individual countries and nations.

ထိုလူတွေဟာ ကမ္ဘာငြိမ်းချမ်းရေးနဲ့ကြွယ်ဝချမ်းသာမှုကို နိုင်ငံတစ်ခုချင်းစီ၊ လူမျိုးတစ်မျိုးချင်းစီရဲ့ ဖွံ့ဖြိုးတိုးတက်မှုမပါဘဲ ထိန်းသိမ်းသွားနိုင်မယ်လို့ ထင်ကြတဲ့ လူတွေပဲဖြစ်ပါတယ်။

Those = subject

Are = verb

People who……= object (adjective clause)

People think that world…………………………………….

ဝါကျတွေကို ရေးတဲ့အခါ ၃-၄ ကြောင်းတစ်ပြိုင်တည်း ပေါင်းရေးရင်ကတော့ မှားနိုင်ပါတယ်။ တစ်ကြောင်းချင်းကို ရှင်းအောင်ရေးပြီးမှ ဘယ်အကြောင်းနဲ့ဘယ်အကြောင်းကတော့ဖြင့် ဘယ်လိုနည်းနဲ့ပေါင်းလို့ရတယ် ဆိုတာကို ပြန်စဉ်းစားပြီးမှ ပေါင်းသင့်တာပေါင်း၊ လျှော့သင့်တာလျှော့ပါ။ ပထမဆုံးကတော့ အတွေးအရေးတွေကို ရှင်းလင်းနေဖို့လိုပါတယ်။ ဒါ့ကြောင့် သူများတွေ ဘယ်လိုရေးထားသလဲဆိုတာကို လေ့လာဖို့ မမေ့သင့်ကြောင်း တိုက်တွန်းအပ်ပါတယ်။

စေတနာဖြင့်
စိုးမိုးဝင်း