.....ပျော်ရွှင်စွာ လေ့လာပါ.....

(၄) အလယ်အလတ် အဝေးရိုက်ချက် (Medium Long Shot)

          အလယ်အလတ်ရိုက်ချက်ကို အတိုကောက်အားဖြင့် (MLS) ဟု ခေါ်ပါသည်။ ရိုက်ချက်ဘောင်ဧ။် အောက်အနားသတ်မျဉ်းသည် ရပ်နေသောလူပုဂ္ဂိုလ်အား ခြေဖဝါးနှင့်ခြေမျက်စိနားမှ ဖြတ်သွားပါသည်။ အချို့ကလည်း ဒူးခေါင်းအောက်မှကပ်၍ ဖြတ်သွားသောရိုက်ချက်ကို အလယ်အလတ်အဝေးရိုက်ချက် ဟုပြောကြပါသည်။ ပိုမိုအသုံးများသောရိုက်ကူးသည့်ပုံမှာ ရိုက်ချက်ဘောင်ဧ။်အောက်အနားသည် ဒူးခေါင်းအထက်နားမှကပ်၍ ဖြတ်သွားသောပုံဖြစ်ပါသည်။ ရိုက်ချက်ဘောင်ဧ။်အောက်အနားသတ်မျဉ်းသည် မည်သည့်နေရာတွင် ဖြတ်ရမည်ဟူသော ရွေးချယ်မှုသည် ရိုက်ချက်ထဲတွင်ပါဝင်သော လူပုဂ္ဂိုလ်ဧ။် ဝတ်စားဆင်ယင်ထုံးဖွဲ့မှု သို့မဟုတ် ခန္ဓာကိုယ်လှုပ်ရှား မှုများအပေါ်တွင် မူတည်ပါသည်။

           ပြင်ပရိုက်ကွင်းများနှင့်အတွင်းရိုက်ကွင်းများတွင် ရိုက်ကူးနိုင်သော ရိုက်ချက်အမျိုးအစား ဖြစ်ပါသည်။ လူခန္ဓာကိုယ်သည် ထင်ရှားလာပါသည်။ အဝတ်အစားများကို အသေးစိပ်တွေ့ မြင်လာရပါသည်။ ကျား၊မ သဘာဝကို ခွဲခြားနိုင်လာပါသည်။ မျက်နှာပေါ်မှအမူအယာများကို မြင်တွေ့နိုင်ပါသည်။ နေရာထက် လူပုဂ္ဂိုလ်ကို ပိုပြီး ဖော်ပြပေးပါသည်။ အချိန်ကိုလည်း ဖော်ပြပေးနေပါသေးသည်။
 
           လူပုဂ္ဂိုလ်တစ်ယောက်အား တဖြည်းဖြည်း နီးလာအောင် ရိုက်ကူးသောပြကွက်မျိုးတွင် အလယ်အလတ် အဝေးရိုက်ချက်ကို ပထမရိုက်ချက်အဖြစ် အသုံးပြုနိုင်ပါသည်။